ငါးသိုင်းချောင်းမှာ မီးကြွင်းမီးကျန်ကနေ သီလရှင်ကျောင်း ၃ ကျောင်း မီးလောင်ပျက်စီး

ဧပြီ ၂ – ၂၀၂၃
GG(VOM)

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်က ရေတံခွန်သီလရှင်ကျောင်းမှာ ဒီနေ့ဧပြီလ ၂ ရက် မနက်အစောပိုင်းတုန်းက မီးလောင်မှုဖြစ်ပြီး ကျောင်း ၃ ကျောင်း မီးလောင်ပျက်စီးခဲ့တယ်လို့ ငါးသိုင်းချောင်းမီးသတ်တပ်ဖွဲ့က သိရပါတယ်။

ရေတံခွန်သီလရှင်ကျောင်းဝန်းထဲမှာ သီလရှင်တပါးတည်းနေထိုင်တဲ့ ကျောင်းရဲ့ ထင်းမီးဖို မီး​ကြွင်းမီးကျန်ကနေ မီးလောင်ခဲ့တာဖြစ်ပြီး အဲ့ဒီကမှ နောက်ထပ်ကျောင်းနှစ်ကျောင်းကို မီးကူးစက်လောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” ကျနော်တို့ဆီ သတင်းရတော့ မနက် ၂ နာရီ၊ မီးထိန်းနိုင်တာက ၂နာရီ၂၈ မိနစ်ပါ။ တပါးတည်းနေတဲ့သီလရှင်ကြီးပါ အသက်အရွယ်လည်းကြီးပါပြီ၊သူက ဆွမ်းထချက်ပြီး ကျန်တဲ့မီးဖိုကနေ လောင်တာပါ။ သူ့ကျောင်းကနေမှ ရှေ့နဲ့နောက်က ကျောင်း၂ ကျောင်းပါမီးလောင်သွားတာပါ ” လို့ ငါးသိုင်းချောင်းမီးသတ်ဌာန တာဝန်ရှိသူကပြောပါတယ်။

မီးလောင်ပျက်စီးခဲ့တဲ့ သီလရှင်ကျောင်းတွေက ပျဥ်ထောင် သွပ်မိုး ၂ ထပ်ကျောင်းဆောင်တွေဖြစ်ပြီး မီးလောင်မှုဖြစ်စဥ်မှာ လူထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်။

ငါးသိုင်းချောင်းမြို့မှာ မတ်လ ၃၁ ရက်နေ့က နေအိမ်အချိို့လည်း မီးလောင်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ငါးသိုင်းချောင်း #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW