ရန်ကုန်က မြို့နယ်၂ခု မှာ ယာဥ်တိုက်မှုကြောင့် လူ၄ယောက်သေ၊၂ယောက်ဒဏ်ရာရခဲ့

ဧပြီ ၄ – ၂၀၂၃
GG(VOM)

ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်နဲ့ မင်္ဂလာဒုံ မြို့နယ်၂ခုမှာ ယာဥ်တိုက်မှုဖြစ်ပွားလို့ ၄ ယောက်သေဆုံးကာ ၂ ယောက်အပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။

ဖြစ်စဉ်က မနေ့က ဧပြီလ ၃ ရက်နေ့ ည ၁၁နာရီခွဲ လောက်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/သုမင်္ဂလာရပ်ကွက်၊ ဝေဇယန္တာလမ်းမ၊ သုဝဏ္ဏဘောလုံးအားကစားကွင်းရှေ့မှာ ကားကအရှိန်လွန်ပြီး ဘလောက်တုံးကိုဝင်တိုက်ကာတိမ်းမှောက်ပြီး ကားပေါ်ပါ အမျိုးသား၂ယောက်သေဆုံးကာ အမျိုးသမီး၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

” ယောကျ်ားလေး၂ယောက်ကညပ်နေလို့ဆွဲထုတ်ခဲ့ရတယ်၊နေရာမှာပဲပွဲချင်းပြီးသေတာပါ။ကောင်မလေးကတော့ ဒဏ်ရာရတယ် သတိလစ်နေလို့ ဘာမှမေးမရဘူး။ဆေးရုံပဲပို့ခဲ့တယ်။ “လို့ သုဝဏ္ဍအားကစားကွင်းရှေ့ယာဥ်တိမ်းမှောက်မှုကို ကူညီပေးခဲ့တဲ့ ရွှေရောင်တွဲလက် လူမှုကူညီရေးအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။

အလားတူ မင်္ဂလာဒုံ ယာဥ်တိုက်မှုကလည်း မနေ့ကဧပြီလ ၃ ရက်နေ့ ည ၁၁ နာရီ ကျော်လောက်မှာ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ အနော်ရထာလမ်းထိပ် ဇေကမ္ဘာခြောက်လမ်းသွားလမ်းပေါ်မှာ ကုန်ကားနဲ့ ကားတစီးတိုက်မိပြီး ၂ ယောက်သေကာ နောက်ထပ်အမျိုးသား ၁ယောက် ဒဏ်ရာပြင်းထန်ရရှိပါတယ်။

” ကုန်ကားနဲ့ ကားလေး တိုက်မိတာပါ။ကားလေးပေါ်ပါတဲ့ ၃ ယောက်မှာ ၂ယောက်ကဆေးရုံပို့နေချိန်ဆုံးသွားတယ်။နောက်တယောက်ကအတွင်းလူနာအဖြစ်ကုသမှုခံယူနေတယ် ” လို့ လူမှုကူညီရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

လက်ရှိမှာ သုဝဏ္ဍ အားကစားကွင်းရှေ့ယာဥ်တိမ်းမှောက်မှုမှ ဒဏ်ရာရအမျိုးသမီးကို သင်္ဃန်းကျွန်းဆေးရုံကိုပို့ဆောင်ထားပြီး မင်္ဂလာဒုံ ယာဥ်တိုက်မှုမှ ဒဏ်ရာရအမျိုးသားကိုတော့ မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။

#voiceofmyanmar #vom #ရန်ကုန်ယာဉ်တိုက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW