ရန်ကုန်မြို့လယ် လုံခြံုရေးထူထပ်တဲ့ ကျောက်တံတားမြို့နယ်က ဖုန်းဆိုင်တဆိုင် ဖုန်း၁၄လုံးနဲ့ငွေသိန်း၅၀ ဓားပြတိုက်ခံရ

ဧပြီ ၄ – ၂၀၂၃
GG (VOM)

ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ လမ်း ၄၀ အလယ်ဘလောက်မှာ ဖွင့်ထားတဲ့ Kaung Lay ဖုန်းဆိုင်ကို မနေ့ကဧပြီလ ၃ ရက်နေ့မှာ သေနတ်ထောက်ပြီး ဓားပြတိုက်ခံခဲ့ရတယ်လို့သိရပါတယ်။

အမည်မသိလူ ၃ ယောက်က ဆိုင်ထဲကိုရောက်လာပြီး ဆိုင်ပိုင်ရှင်အမျိုးသားကို​သေနတ်နဲ့ထောက်ခြိမ်းခြောက်ပြီးလက်ပြန်ကြိုးတုပ်ကာ ဆိုင်ထဲက ဖုန်း ၁၄ လုံးနဲ့ ငွေသား သိန်း၅၀ ကိုယူဆောင်သွားတာဖြစ်တယ်လို့သိရပါတယ်။

” မနေ့က ၁၂ နာရီလောက်မှာ လူ၃ယောက်ကလုပ်သွားတာလို့သိရတယ်၊ဆိုင်က မြေညီထပ်မှာမဟုတ်တော့ လုပြီးထွက်သွားမှပဲ ပတ်ဝန်းကျင်ကလည်းသိရတာ၊ဖုန်းကလည်း အိုင်ဖုန်းတွေပါသွားတာလို့သိရတယ်။ဆိုင်ကတော့ ဖုန်းအသစ်ရော၊အဟောင်းရောဝယ်တယ်၊ ကျောက်တံတားဆိုတာမြို့လယ်ခေါင်ပဲလေ၊မြို့တော်ခန်းမမှာဆို စစ်သားတွေလည်းရှိတယ်။ဟိုဘက်မှာဆိုလည်းကျောက်တံတားရဲစခန်းရှိတယ်၊ ” လို့ ကျောက်တံတားမြို့နယ်နေထိုင်သူတဦးကပြောပါတယ်။

အဆိုပါဖုန်းဆိုင် ဓါးပြတိုက်ခံရပြီးနောက် Kaung Lay Mobile ဆိုင်ကို လုံခြုံရေးအဖွဲ့ဝင်တွေရောက်လာပြီး စုံစမ်းဆေး မေးမြန်းတာတွေလုပ်ခဲ့ကြောင်း၊လက်ရှိမှာ ဓားပြတိုက်သူတွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ကလည်း စည်ပင်ဝန်ထမ်းတွေစောင့်ကြပ်နေတဲ့ ဗိုလ်ချုပ်စျေးက ရတနာဆိုင် ၂ ဆိုင်လည်း ဖောက်ထွင်းခံရပြီး သိန်းထောင်ကျော်တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာပစ္စည်းတွေ ပါသွားမှုရှိခဲ့ပါတယ်။

နောက်ပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း ရန်ကုန်၊ မြို့လယ် ဆာကူရာတာဝါ CB bank ကနေ ငွေ ထုတ်လာသူဆီက ငွေသိန်း ၃၀၀၀ကို ကျောက်တံတားမြို့နယ်၊ဆိပ်ကမ်းသာလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာလုယက်ခံလိုက်ရတာရှိပါတယ်။

#voiceofmyanmar #VOM #ကျောက်တံတားဖုန်းဆိုင်င်

Related posts

Leave a Comment

VOM News

FREE
VIEW