လကမ္ဘာကိုစေလွှတ်မယ့် အာကာသယာဉ်မှူးတွေကို နာဆာရွေးချယ်ကြေညာ

၀ါရှင်တန်၊ ဧပြီ-၄-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်အာကာသအေဂျင်စီ (နာဆာ)ဟာ နှစ်ပေါင်း ၅၀ ကြာမြင့်ပြီးနောက် လကမ္ဘာသို့လူသားတွေ ပြန်လည်ပို့ဆောင်မယ့်အစီအစဉ်အတွက် အာကာသယာဉ်မှူးလေးဦးကို မတ် ၃ ရက်မှာ ရွေးချယ်ကြေညာလိုက်ပါတယ်။

ရွေးချယ်ခံရတဲ့ အာကာသယာဉ်မှူးလေးဦးထဲမှာ ခရစ္စတီးနားကို့ခ်ျလည်းပါ၀င်ပြီး သူဟာ လကမ္ဘာခရီးစဉ်အတွက် တာ၀န်ပေးခံရတဲ့ ပထမဆုံးအမျိုးသမီးအာကာသယာဉ်မှူးဖြစ်ပြီး ဗစ်တာဂလိုဗာကတော့ ပထမဆုံးသော လူမည်းအာကာသယာဉ်မှူးဖြစ်လာပါတယ်။

ရွေးချယ်ခံရတဲ့အခြားအာကာသယာဉ်မှူးနှစ်ဦးကတော့ ရိဒ်ဝိုက်စ်မန်းနှင့် ဂျယ်ရမီဟန်ဆန်တို့ဖြစ်ပြီး သူတို့ရဲ့လကမ္ဘာခရီးစဉ်ကို လာမယ့်နှစ်နှောင်းပိုင်း သို့မဟုတ် ၂၀၂၅ ခုနှစ်အစောပိုင်းမှာ သွားရောက်ဖို့ စီစဉ်ထားပါတယ်။

အာကာသယာဉ်မှူးတွေထဲမှာ အမေရိကန်နိုင်ငံသားသုံးဦးနဲ့ ကနေဒါနိုင်ငံသား တစ်ဦးတို့ပါ၀င်ပြီး သူတို့ရဲ့ အာကာသခရီးစဉ်အတွက် အပြင်းအထန်လေ့ကျင့်မှုတွေပြုလုပ်လျှက်ရှိပါတယ်။

အဲဒီခရီးစဉ်မှာ အာကာသယာဉ်မှူးတွေဟာ လကမ္ဘာပေါ်ခြေချမှာမဟုတ်ပေမယ့်လည်း နောက်ထပ်အာကာသခရီးစဉ်မှာ လကမ္ဘာပေါ်ခြေချနိုင်ဖို့ လမ်းဖွင့်ပေးနိုင်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။

Ref:BBC
Photo:NASA

#voiceofmyanmar #vOM #လကမ္ဘာ #အာကသယာဉ်

Related posts

Leave a Comment

VOM News

FREE
VIEW