ပခုက္ကူမြို့မှာ ပေါက်ကွဲမှုဖြစ်ပြီး သားအဖ ၂ ယောက် သေဆုံး

ဧပြီ ၊ ၄ ၊ ၂၀၂၃
SP(VOM)

မကွေးတိုင်း ၊ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၊ အောင်သပြေကွက်သစ်၊ ၁ လမ်းမှာနေတဲ့ ကိုရာဇာဖြိုး (ခေါ်) ကိုအာကြီးရဲ့နေအိမ်မှာ မနေ့ည ဧပြီ ၃ ရက်ည ၁၀ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပြီး သားအဖ ၂ ယောက်သေဆုံးသွားတယ်လို့ ပခုက္ကူဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” မနေ့ညက ၉ နာရီခွဲ ဝန်းကျင်မှာ နေအိမ် မီးဖိုဆောင်ထဲ ပေါက်ကွဲတာဖြစ်တယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် အိမ်ရှင် ကိုရာဇာဖြိုး(ခ)အာကြီး၊ ၃၇ နှစ်၊(ဘ) ဦးဝင်းဇော်နဲ့ သူ့ရဲ့ သား ဖြစ်သူ ကျော်ဇင်ထွဋ်၊ ၁၄ နှစ်တို့ ၂ ယောက်သေဆုံးခဲ့တာဖြစ်တယ် ” လို့ ဒေသခံ လူမှာကူညီရေး ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဥ်နဲ့ ပတ်သက်လို့ ပခုက္ကူခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ပေါက်ကွဲမှုဖြစ်တဲ့ မီးဖိုဆောင်ထဲမှာ လက်လုပ်ဗုံး ပြုလုပ်ရာမှာ အသုံးပြုတဲ့ သံဘောစိတွေ တွေ့ရတယ် ၊ နောက်ပြီး “ TOP CHOLCE ” အစိမ်းရောင် အဖုံးပါ တဲ့ ၊ ဗလာစာအုပ်ထဲမှာ “ချစ်တယ်နော် အလိုမလိုက်ဘူး ရင်ခွင်ထဲထည့်ပြီး ဗုံးခွဲပစ်မယ် ” လို့ ခဲတံနဲ့ ရေးသားထားတဲ့ စာကိုလည်း စီစစ်တွေ့ရတယ် ၊ ပေါက်ကွဲမှု ဘာကြောင့် ဘာဖြစ်ပေါ်ရသလည်းဆိုရင် ၊ အိမ်တွင်းရေး အဆင်မပြေတာက ဖြစ်နိုင်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီ သားအဖ ၂ ယောက် သေဆုံးရတဲ့ ပေါက်ကွဲမှုဖြစ်စဥ်ကိုလည်း ပခုက္ကူမြို့မရဲစခန်းက သေမှုသေခင်းဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပခုက္ကူခရိုင်ထဲက ပေါက် ၊ မြိုင် ၊ ရေစကြို ၊ ဆိပ်ဖြူ စတဲ့ မြို့နယ်တွေက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း လက်လုပ် လက်နက်ကြီး ၊ လက်နက်ငယ် ၊ မိုင်း စတာတွေ စမ်းသပ်ထုတ်လုပ်ရာကနေ မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးရတဲ့ သူ ၄၀ ကျော်ရှိပြီး ၊ ကိုယ်င်္အဂါအစိတ်အပိုင်း ပျက်စီးရတဲ့သူ ၇၀ ထက်မနည်း ရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #vom #ပခုက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW