အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု နျူကလီးယားစစ်ပွဲဖြစ်နိုင်တဲ့ထိ တင်းမာနိုင်ကြောင်း မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း ဧပြီ-၆-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေက နျူကလီးယားစစ်ပွဲ ဖြစ်နိုင်တဲ့ထိ တင်းမာမှုတွေ တိုးမြင့်လာတယ်လို့ မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။

အဲဒီလိုစစ်ရေးလေ့ကျင့်မှုတွေနဲ့ပတ်သက်ပြီး လက်တုံ့ပြန်ဆောင်ရွက်သွားမယ်လို့လည်း မြောက်ကိုရီးယားဘက်က ပြောပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေဟာ ကိုရီးယားကျွန်းဆွယ်အခြေအနေကို ပေါက်ကွဲစေတဲ့ထိ တွန်းအားပေးနိုင်တယ်လို့ နိုင်ငံတကာ လုံခြုံရေး လေ့လာသုံးသပ်သူ Choe Ju Hyon ရဲ့သုံးသပ်ပြောဆိုမှုကို မြောက်ကိုရီးယားနိုင်ငံပိုဂ် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပါတယ်။

အမေရိကန်နဲ့မဝါမိတ်တွေရဲ့ လုပ်ဆောင်ချက်တွေကြောင့် ကိုရီးယားကျွန်းဆွယ်မှာ နောက်ပြန်ဆုတ်မရတဲ့ ကပ်ဘေးလိုအခြေအနေဖြစ်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ မတ်လကစပြီး ဝေဟင် ရေပြင် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေပြီး လက်ရှိမှာလည်း ပူးတွဲစစ်ရေးလေ့ကျင့်နေကြပါတယ်။

ဒါဟာကျူးကျော်ရန်စဖို့ ကြိုတင်ပြင်ဆင်လေ့ကျင့်နေတာဖြစ်ကြောင်း မြောက်ကိုရီးယားက ကြိမ်ဖန်များစွာ ရှုတ်ချပြောဆိုထားပါတယ်။

Ref: Reuters

#voiceofmyanmar #VOM #အမေရိကန်-တောင်ကိုရီးယား

Related posts

Leave a Comment

VOM News

FREE
VIEW