ပုဏ္ဏားကျွန်းမှာ ဒိုင်းနက်ရိုးရာ ပန်းမျှောပွဲ ပြုလုပ်မယ်

ဧပြီ၊၇-၂၀၂၃
MM[VoM]

ဒိုင်းနက်(ခေါ်)သက္ကမလူမျိုးတွေရဲ့ရိုးရာပန်းမျှောပွဲတော်ကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရှင်တော်ကျေးရွာမှာ လာမယ့် ဧပြီ ၁၂ ရက်နဲ့ ၁၃ ရက်မှာပြုလုပ်သွားမယ်လို့ ပွဲတော်ကျင်းပရေး ကော်မတီကနေ သိရပါတယ်။

အဲ့ဒီ ဒိုင်းနက် ရိုးရာပန်းမျှောပွဲဟာ ပန်းအမျိုးမျိုးကို ငှက်ပျောရွက်ပေါ်တင် အလှဆင်ပြီး ရေကြည်ရာချောင်းကမ်းစပ်ကို သွားရောက်ကာ ချောင်းစောင့်နတ်၊ မြစ်စောင့်နတ်တွေကို ရည်စူးတယ်ဆိုပြီး ပန်းတွေကိုမျှောကြခြင်းဖြစ်တယ်လို့ သိရပါတယ်။

”တိမ်မြုပ်ပျောက်ကွယ်လာတဲ့ ရိုးရာဓလေ့၊ယဉ်ကျေးမှုတွေပြန်ပေါ်လာစေရေးကို ရည်ရွယ်ပြီးလုပ်တာ၊ဒိုင်းနက် (ခေါ်)သက္ကမစာပေနဲ့ယဉ်ကျေးမှုအသင်းကဦးဆောင်ပြီး ရိုးရာပန်းမျှောပွဲပြုလုပ်သွားမှာပါ၊ စည်စည်ကားကားဖြစ်အောင်လုပ်ဖို့ အစစ အရာရာ ပြင်ဆင်နေပါတယ်၊အဓိက ကတော့ ရေဟာမရှိမဖြစ် ဖြစ်လို့ ရေစောင့်နတ်တွေ၊ မြစ်စောင့်နတ်တွေကို ပန်းနဲ့ပူဇော်တဲ့ပွဲပါ။”လို့ ပွဲတော်ဖြစ်မြောက်ရေးကော်မတီအဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။

ပြုလုပ်မယ့် ပန်းမျှောပွဲတော်ကို ရခိုင်၊ မြို၊ ခမီ စတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကိုလည်း ဖိတ်ကြားထားပြီး ဒိုင်းနက်(ခေါ်)သက္ကမလူမျိုးတွေရဲ့သမိုင်းဆိုင်ရာ ဟောပြောမှုတွေအပြင် ရိုးရာအကအလှတွေနဲ့လည်း ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

အဲ့ဒီ ရိုးရာပန်းမျှောပွဲကို ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်က ဘူးသီးတောင်မြို့နယ်မှာပြုလုပ်ခဲ့ပြီး ပန်းမျှောသူတွေ၊ လာရောက်လေ့လာသူတွေ ၊ဖိတ်ကြားထားသူတွေ
ခရီးသွားတွေနဲ့ အထူးစည်ကားခဲ့တယ်လို့ သိရပါတယ်။

”မနှစ်ကလည်း တော်တော်စည်ကားခဲ့တာ ၊လူသောင်းချီလာခဲ့တာ၊ ဒီပန်းမျှောပွဲက ရိုးရာယာဉ်ကျေးမှုတစ်ခုပေါ့၊ ဒေသခံတွေကလည်း ပန်းမျှောပွဲလုပ်တဲ့ နှစ်တိုင်းရေဘေးကြောင့် လူတွေ သေဆုံးတာတွေမရှိတာ၊ စိုက်ပျိုးရေးအတွက်လည်း ရေအခက်အခဲမရှိဘဲသုံးနိုင်တာ စတဲ့အချက်တွေကို ယုံကြည်နေတာ။”လို့ ဒေသခံတဦးကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဒိုင်းနက်(ခေါ်)သက္ကမလူမျိုးတွေဟာ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော စတဲ့မြို့နယ်တွေမှာလူဦးရေ (၅) သောင်းကျော်အထိ ထိုင်ကြတယ်လို့ သိရပါတယ်။

Credit- Photo- Min Min
#voiceofmyanmar #VOM #ပုဏ္ဏားကျွန်း #ဒိုင်းနက်ရိုးရာပန်းမျှောပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW