လက်ဘနွန်နဲ့ဂါဇာရှိ ဟားမတ်စ်ပစ်မှတ်တွေကို အစ္စရေးကတိုက်ခိုက်ပြီး လက်တုံ့ပြန်

ဂျေရုဆလင်၊ ဧပြီ-၇-၂၀၂၃
မျိုးဆက်(VOM)

လက်ဘနွန်နဲ့ဂါဇာကမ်းမြှောင်ဒေသတလျှောက်ရှိ ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဧပြီ ၆ ရက်မှာ ပြောပါတယ်။

လက်ဘနွန်မှ ဒုံးကျည်ဖြင့်အစ္စရေးကို တိုက်ခိုက်မှုပြီးနောက် အစ္စရေးက အခုလိုလက်တုံ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒုံးကျည်တိုက်ခိုက်မှုကို ဟားမတ်စ်အဖွဲ့က လုပ်ဆောင်တယ်လို့ အစ္စရေးက ပြစ်တင်ပြောဆိုပါတယ်။

အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် လက်ဘနွန်တောင်ပိုင်းရှိ ဟားမတ်စ်တို့ရဲ့ အခြေခံအဆောက်အအုံတွေကို ထိမှန်ခဲ့ကြောင်း အစ္စရေးတာ၀န်ရှိသူတွေကပြောပါတယ်။

ဂျေရုဆလင်ရှိ အယ်လ်အက်ဆာဗလီကို ယခုသီတင်းပတ်အစောပိုင်းမှာ အစ္စရေးရဲတပ်ဖွဲ့က ညပိုင်းတွေမှာ ဆက်တိုက်၀င်ရောက်စီးနှင်းမှုတွေ ပြုလုပ်ပြီးနောက် တင်းမာမှုတွေမြင့်တက်ခဲ့ပါတယ်။

အဲဒီဗလီ၀တ်ကျောင်းတော်ဟာ အစ္စလာမ်ဘာသာရဲ့ တတိယမြောက်အမြင့်မြတ်ဆုံးနေရာဖြစ်ပြီး အစ္စရေးရဲ့ စီးနှင်းမှုတွေကြောင့် ပါလက်စတိုင်းတွေနဲ့ ဒေသတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် အမျက်ဒေါသထွက်စေခဲ့ပါတယ်။

Ref:BBC
Photo:AFP
#voiceofmyanmar #VOM #ဂျေရုဆလင်

Related posts

Leave a Comment

VOM News

FREE
VIEW