လူ ၁၀ ယောက်လိုက်ပါသွားတဲ့ ဂျပန်စစ်ရဟတ်ယာဉ် ပင်လယ်ထဲပျက်ကျ

တိုကျို၊ ဧပြီ-၇-၂၀၂၃
မျိုးဆက်(VOM)

ဂျပန်နိုင်ငံမှာ လူ ၁၀ ယောက်လိုက်ပါသွားတဲ့ စစ်ရဟတ်ယာဉ်တစ်စင်းဟာ အိုကီနာဝါစီရင်စုရှိ ပင်လယ်ပြင်မှာ ပျက်ကျခဲ့ကြောင်း ဂျပန်တာ၀န်ရှိသူတွေက ဧပြီ ၇ ရက်မှာ ပြောပါတယ်။

ရဟတ်ယာဉ်အစိတ်အပိုင်းတွေဖြစ်နိုင်တဲ့ မျောပါနေတဲ့ အစိတ်အပိုင်းတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ကယ်ဆယ်ရေးသမားတွေက ရှာဖွေတွေ့ရှိခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

ရဟတ်ယာဉ်ဟာ မတော်တဆမှုကြောင့် ပျက်ကျသွားခဲ့တာလို့ယုံကြည်ကြောင်း ဂျပန်စစ်တပ်မှ ဗိုလ်ချုပ်ကြီး ယာဆူနိုရီမိုရီရှီတာက တိုကျိုမှာ သတင်ထောက်တွေကိုပြောပါတယ်။

ဘလက်ဟော့ခ်လို့ လူသိများတဲ့ ယူအိတ်ခ်ျ ၆၀ ရဟတ်ယာဉ်ဟာ မီယာကိုကျွန်းအနီးမှာ ရေဒါပေါ်ကနေ ပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။

အင်ဂျင်နှစ်လုံးတပ် ရဟတ်ယာဉ်ဟာ ဧပြီ ၆ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၅၅ မိနစ်မှာ ပျောက်ဆုံးသွားတာဖြစ်ပါတယ်။

အဲဒီနောက် ကင်းလှည့်သင်္ဘောတွေဟာ ပျက်ကျခဲ့တဲ့ရဟတ်ယာဉ်ရဲ့ အစိတ်အပိုင်းတွေနဲ့ ပစ္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကပြောပါတယ်။

လက်ရှိမှာတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

Ref:BBC
Photo:Reuters
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW