သင်္ကြန်ကာလအတွင်း ဧရာဝတီတိုင်းနဲ့ ရန်ကုန်ပြေး ဆွဲနေတဲ့ ခရီးသည်တင်ရေယာဉ်တွေ ရပ်နားမယ်

ဧပြီ ၇-၂၀၂၃
MM[VOM]

ရန်ကုန်မြို့ကနေ ဧရာဝတီတိုင်းဘက်ကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ရေယာဉ်တွေ အားလုံးနီးပါး သင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း ရပ်နားသွားမယ်လို့ သိရပါတယ်။

”ဟုတ်ပါတယ် ၊ရန်ကုန်ကနေ ဧရာဝတီတိုင်းဘက်ကို
ပြေးဆွဲနေတဲ့ရေယာဉ်အားလုံး သင်္ကြန်ရုံးပိတ်ရက်နားမှာပါ ၊ သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက်ကနေ စတင်ရပ်နားမယ်၊ ဧပြီလ ၁၈ ရက်နေ့ကျရင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲမှာပါ။”လို့ ရန်ကုန်- ဧရာတီတိုင်း ရေယာဉ်များပြေးဆွဲရေးတာဝန်ရှိသူတဦးကပြောပါတယ်။

အခုလို သင်္ကြန်ကာလအတွင်း ရေယာဉ်တွေ ပြေးဆွဲမှု ရပ်နားတဲ့အတွက် သင်္ကြန်ကာလ ကုန်စည်သယ်ယူမှုနဲ့ အခြားခရီးသွားလုပ်ငန်းတွေ၊ရေလမ်းကြောင်းကို အဓိက အသုံးပြုသွားလာနေရသူတွေ၊အခက်အခဲဖြစ်ပေါ်လာနိုင်ပြီး လုံးဝရပ်နားတာမလုပ်ဘဲ လျှော့ချပြေးဆွဲတာမျိုးပဲ လုပ်သင့်တယ်လို့ ကုန်သည်တွေဆီကနေ သိရပါတယ်။

”သင်္ကြန်ကာလ လုံးဝရပ်နားမယ့်အစား လျော့ချပြေးဆွဲစေချင်တာ၊ ဘာလို့လဲဆိုတော့ တချို့ခရီသွားတွေက ရေယာဉ်ကိုပဲ အားထားသွားနေတာလေ၊တခြားသူတွေတော့ မသိဘူး၊ ကျွန်မတို့ ကုန်သည်တွေအတွက်တော့ ရေယာဉ်တွေက မရှိမဖြစ်ဘဲ၊ကုန်သည်တွေက နားရက်ဆိုတာမရှိဘူးလေ၊ လုပ်နေရတာပဲ၊ ကုန်ပစ္စည်းများများ သယ်လို့ရတာက ရေယာဉ်ပဲရှိတာ၊ ကုန်းလမ်းတွေ ဘယ်လောက်ကောင်းကောင်း ဧရာဝတီတိုင်းက ဒေသခံတွေအတွက် ကတော့ ရေလမ်းကြောင်းကိုတော့ သုံးနေရတာပဲ။”လို့ ဧရာဝတီတိုင်းက ကုန်သည်တဦးကပြောပါတယ်။

ရန်ကုန်နဲ့ ဧရာဝတီတိုင်းပြေးဆွဲတဲ့ ခရီးသည်တင်ရေယာဉ်တချို့ကတော့ အရင်သင်္ကြန်ကာလက ရပ်နားတာမျိုးရှိပြီး သင်္ကြန်ကာလနီးကပ်လာတဲ့အခါ ကုန်လမ်း ကားလက်မှတ်တွေ ဝယ်ယူမရအဆင်မပြေဖြစ်တာကြောင့် ရေလမ်းခရီး မော်တော်ယာဉ်နဲ့ ရန်ကုန် ကနေ အလုပ်ပိတ်ရက် စက်ရုံပိတ်ရက် နေရပ်ပြန်သူတွေ အခက်အခဲ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

သင်္ကြန်ကာလ ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်တွေမှာ ရန်ကုန်နဲ့ တိုင်းဒေသကြီး အသီးသီးကိုပြန်တဲ့ နေရပ်ပြန်သူတွေထဲမှာ ဧရာဝတီတိုင်းက အများဆုံး ဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းကို ပြန်တဲ့ နေရပ်ပြန်သူတွေဟာ သင်္ကြန်ကာလ နီးကပ်လာရင် သိန်းနဲ့ချီရှိတာကြောင့် ကားလမ်းတွေ ပိတ်တာ၊ကားလက်မှတ်တွေဝယ်မရတာ၊ ကားလက်မှတ်ဈေးတွေ ထိုးတက်သွားတာ စတဲ့အခက်အခဲတွေနဲ့လည်း နှစဉ်ကြုံခဲ့တာတွေရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း ရေယာဥ်ပြေးဆွဲမှု #သင်္ကြန်ကာလရပ်နားမယ်

Related posts

Leave a Comment

VOM News

FREE
VIEW