လားရှိုးမြို့ပေါ်က စတုဒီသာမဏ္ဍပ်နား ဗုံးပေါက်ကွဲလို့ လူ ၆ ယောက်သေ ၊ ၃ ယောက် ဒဏ်ရာရ

ဧပြီ ၊ ၁၃ ၊ ၂၀၂၃
SP(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့ ၊ ရပ်ကွက် ၁ ၊ နယ်မြေ ၈ ၊ ရန်တိုင်းအောင် ဘုရားအနီးက စတုဒီသာ မဏ္ဍပ်ရဲ့ ကားတွေထားတဲ့နေရာနားမှာ ဒီမနက် ၁၁ နာရီ ၄၅ မိနစ် ဝန်းကျင်က ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့တယ်လို့ လားရှိုးဒေသခံတွေဆီက သိရပါတယ်။

” ပေါက်ကွဲတာက ကားဗုံးအမျိုးအစားဖြစ်တယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် အမျိုးသား ၆ ယောက်သေတယ် ၊ အမျိုးသား နဲ့ အမျိုးသမီး ၃ ဦး ဒဏ်ရာရတယ် ၊ အသက်အန္တရာယ် စိုးရိမ်ရတယ် ၊ ပေါက်ကွဲတဲ့နားက ရပ်ထားတဲ့ ကား ၉ စီးနဲ့ ဆိုင်ကယ် ၇ စီး ပျက်စီးသွားတယ် ၊ သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ စီစစ်နေဆဲ ဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ လားရှိုးမြို့ရဲ့ လူသွားလူလာအများဆုံးထဲက နေရာတခုဖြစ်တယ်လို့ သိရပါတယ်။

မနေ့ကလည်း ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့ ၊ ဟော်နန်းရပ်ကွက် ၊ မြရည်နန္ဒာလမ်းမှာ ရှိတဲ့ ရေကစားညမဏ္ဍပ်နား ပေါက်ကွဲမှုဖြစ်ပြီး ၊ အဲ့ဒီနားက မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံး တလုံးတွေ့ရှိရတာ ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် မနေ့က ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ၊ ရန်ကြီးအောင်ရပ်ကွက်မှာရှိတဲ့ ဗဟို ရေကစားမဏ္ဍပ်ကို ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခံရလို့ လူ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #လားရှိုးဗံုးကွဲ

Related posts

Leave a Comment

VOM News

FREE
VIEW