အလုံ EPC ထရမ်စဖာ ပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့

ဧပြီ ၈ – ၂၀၂၃
GG(VOM)

ရန်ကုန် ၊ အလုံမြို့နယ် ၊စောရန်ပိုင်ရပ်ကွက်၊ ကမ်းနားလမ်းက အလုံဓာတ်အားခွဲရုံမှာ မီးလောင်မှုဟာ ဒီနေ့ ည ၇ နာရီ ၁၈ မိနစ်အချိန်က မီးငြိမ်းသတ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ ဧပြီလ ၈ ရက်နေ့ညနေ ၆ နာရီ၃၅ မိနစ်အချိန် အလုံဓာတ်အားခွဲရုံထဲက ထရမ်စဖာ (Transformer)ပေါက်ကွဲမှု​ကြောင့် မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုပြင်းထန်တာကြောင့် Level ၃ အဆင့်နဲ့ငြိမ်းသတ်ခဲ့ရကြောင်း၊ မီးလောင်မှုကို မိနစ် ၅၀ နီးပါးကြာအောင် ငြိမ်းသတ်ခဲ့ရတယ်လို့သိရပါတယ်။

” ပေါက်တဲ့အသံကြားလို့ထွက်ကူတာ ၊ လောင်တာက ထရန်စဖော်မာတလုံးလောင်တာ၊အဲ့ဒီအထဲကကျတဲ့ဆီတွေက မြောင်းထဲကနေ ရေကန်ဘက်ကူးလောင်တာပါ၊ ဆီတွေက ရေမြောင်းထဲစီးတော့ မြောင်းထဲအမှိုက်တွေကရှိတော့ အဲ့ဒါတွေကူးလောင်လို့ အချိန်ကကြာသွားတာပါ၊ မီးသတ်ကဦးလို့ မီးနိုင်သွားပါတယ်။ကျန်တာအထွေအထူးတော့မရှိပါဘူး။ “လို့ မီးလောင်ပြင်ကိုသွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအဖွဲ့ဝင်တဦးကပြောပြပါတယ်။

အဲ့ဒီမီးလောင်ခဲ့တဲ့ ထရန်စဖော်မာထဲမှာ ဆီဂါလံ ၃၀၀၀၀ ကျော်ရှိကြောင်း၊အဲ့ဒါတွေကြောင့် မီးလောင်မှုတအားများသွားတာဖြစ်ပေမယ့် လူထိခိုက်ဒဏ်ရာရတာမရှိဘဲ မီးငြိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အလုံဒေသခံတဦးကလည်း ” ပေါက်ကွဲသံကြားပြီး အိမ်အပြင်ထွက်ကြည့်တော့ မီးလောင်နေတာ တွေ့တယ်၊မီးက တအားကိုများတာ၊ဘေးက ထရန်စဖော်မာတွေကိုထပ်မကူးတာ ကျေးဇူးတင်ရမယ်”လို့ ပြောပါတယ်။

ဓာတ်အားခွဲရုံ မီးလောင်မှုကို အလုံနယ်မြေခံမီးသတ်စခန်းအပါအဝင် ရန်ကုန်ရဲ့တခြားမြို့နယ်တွေက မီးသတ်တပ်ဖွဲ့ဝင်တွေပါ လာရောက်မီးငြိမ်းသတ်ခဲ့ကြသလို လူမှုကူညီရေးအဖွဲ့တွေကလည်း လာရောက်ကူညီငြိမ်းသတ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့်ဆုံးရှုံးမှုတန်ဖိုးကိုတော့ မီးသတ်တပ်ဖွဲ့က တွက်ချက်စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အလုံ# EPCမီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW