ထိုင်ဝမ်လေကြောင်းရန် စိစစ်ဇုန်အတွင်း တရုတ်တိုက်လေယာဥ် အစင်း ၃၀ ကျော်ဝင်ရောက်

တိုင်ပေ၊ ဧပြီ-၁၀-၂၀၂၃
မျိုးဆက်(VOM)

ထိုဝမ်လေကြောင်းရန်ကာကွယ်ရေး စိစစ်ဇုန်အတွင်းကို တရုတ်လေယာဥ်တင်သဘော်မှ တိုက်လေယာဥ် အစင်း ၃၀ ကျော် ဝင်ရောရ်ပျံသန်းခဲ့ကြောင်း ထိုင်ဝမ်စစ်တပ်ကပြောပါတယ်။

ဒီနေ့မနက် ၆ နာရီထိ ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်စစ်လေယာဥ် အစင်း ၇၀ ကျော်ထိ တွေ့ရှိခဲ့တယ်လို့ ထိုင်ဝမ်စစ်တပ်က ထုတ်ပြန်ထားပါတယ်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ် အမေရိကန်အောက်လွှတ်တော် ဥဣဌနဲ့ အမေရိကန်မှာတွေ့ဆုံပြန်လာပြီးနောက် တုံ့ပြန်မှုအဖြစ် တရုတ်စစ်တပ်ဟာ ထိုင်ဝမ်အနီး သုံးရက်ကြကာစစ်ရေးလေ့ကျင်ံ့မှု ပြုလုပ်နေတာဖြစ်ပါတယ်။

တရုတ်လေယာဉ်တင်သင်္ဘော ရှန်ဒေါင်းပါဝင်တဲ့ ရေယာဉ်စုဟာ ပြီးခဲ့သော သီတင်းပတ်ကတည်းက အနောက်ပစိဖိတ်ဒေသတွင် ပထမဆုံးအကြိမ် ရောက်ရှိနေပြီး လေယာဥ်တင်သင်္ဘောဟာ လက်ရှိစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်နေပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကိုပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားပြီး ပြည်မကြီးနဲ့ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင်စစ်အင်အားသုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:NHK
#voiceofmyanmar #VOM #တိုင်ပေ

Related posts

Leave a Comment

VOM News

FREE
VIEW