မန္တလေးမှာ ဒီကနေ့ မနက်အစောပိုင်း မီးလောင်မှု နေအိမ် (၁၂)လုံး မီးလောင်ဆုံးရှုံးခဲ့

ဧပြီ ၁၀-၂၀၂၃
Voice Of Myanmar(VOM)

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၂လမ်း ၁၀၅နဲ့၁၀၆ကြားမှာ ဒီကနေ့ ဧပြီ ၁၀ရက် မနက် ၅ နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ခဲ့ပြီး နေအိမ် (၁၂)လုံး မီးထဲပါသွားတယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

” မီးစလောင်တာကိုတော့ စစ်ဆေးဆဲလို့သိရတယ်၊ လောင်သွားတာကတော့ နေအိမ် ၁၂လုံး၊ မီးသတ်က အချိန်မှီရောက်ပေမယ့် တအိမ်နဲ့တအိမ် ကပ်နေတော့ အဲ့ဒီလောက် ဆုံးရှုံးမှုဖြစ်သွားတာပါ”လို့ မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူတဦးကပြောပါတယ်။

မီးလောင်မှုကို Level-1အဆင့်သတ်မှတ်ပြီး သန္ဓေ၊အရန် မီးသတ်တပ်ဖွဲ့ဝင် (၁၀၀)ဦး၊ မီးငြိမ်းသတ်ယာဥ်၊ရေသယ်ယာဥ်နဲ့ အုပ်ချုပ်မှုယာဥ် စုစုပေါင်း(၁၈)စီး နဲ့ မီးငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် မီးစလောင်ခဲ့တဲ့ နေအိမ်ပိုင်ရှင် အသက်(၄၀)ကျော်အရွယ် အမျိုးသမီးကို အောင်ပင်လယ်နယ်မြေရဲစခန်းက အမှုဖွင့်ဖို့ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဖေဖော်ဝါရီ ၁၆ရက်ကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်အရှေ့ရပ်ကွက်မှာ Level-2အဆင့်နဲ့မီးလောင်မှုဖြစ်ခဲ့ပြီး အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၂ နိုဝင်ဘာ ၃ရက်နေ့ကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကံရွာ(ဂန်ရွာ)မှာ Level-2အဆင့်နဲ့ မီးလောင်ခဲ့ပြီး နေအိမ် (၄၂)လုံး မီးလောင်ဆုံးရှုံးခဲ့တာလည်း ဖြစ်ပွါးခဲ့ပါသေးတယ်။

Photo Crd – MFSD
#voiceofmyanmar #VOM #မန္တလေး #နေအိမ်၁၂လုံးမီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW