လျှို့ဝှက်စာရွက်စာတမ်းတွေ ပေါက်ကြားမှု အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ဖြစ်ကြောင်း အမေရိကန်ပြော

ဝါရှင်တန်၊ ဧပြီ ၁၁-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန် ကာကွယ်ရေးဌာနရဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေ ပေါက်ကြားမှုဟာ အမျိုးသားလုံခြုံရေးအတွက် အလွန်ဆိုးရွားသော အန္တရာယ်ဖြစ်ကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

အဲဒီလျှု့ဝှက် စာရွက်စာတမ်းတွေမှာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့ အရေးကြီးအချက်အလက်တွေ၊ တရုတ်နဲ့ အမေရိကန် မဟာမိတ်နိုင်ငံတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် အင်ဒိုပစိဖိတ်ဒေသနဲ့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ လျှို့ဝှက်အချက်အလက်တွေလည်း ပါဝင်နေပါတယ်။

စာရွက်စာတမ်းတွေဟာ အစိုးရထိပ်တန်းခေါင်းဆောင် တွေကို ထုတ်ပေးတဲ့ စာရွက်စာတမ်းတွေနဲ့ ဆင်တူတဲ့ပုံစံဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီစာရွက်စာတမ်းတွေဟာ တွစ်တာ၊ တယ်လီဂရမ်တို့လို အွန်းလိုင်းပလက်ဖောင်းတွေမှာ ပျံ့နှံထွက်ပေါ်ခဲ့တာဖြစ် ပြီး ပောက်ကြားရတဲ့အရင်းအမြစ်ကို သိရှိနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW