အရေးပေါ်လိုင်းကနေ တောင်ကိုရီးယားရဲ့ဆက်သွယ်မှု သုံးရက်ဆက်တိုက် မြောက်ကိုရီးယား မတုံ့ပြန်

ပြုံးယမ်း ၊ ဧပြီ-၁၀-၂၀၂၃
မျိုးဆက်(VOM)

ကိုရီးယားနှစ်နိုင်အကြား စစ်ဘက်နဲ့ဆက်ဆံရေးရုံး အရေးပေါ်လိုင်းတေွကတဆင့် ပုံမှန်ဖုန်းဆက်သွယ် ခေါ်ဆိုမှုတွေကို ပြန်လည်ဖြေကြာခြင်းမရှိကြောင်း တောင်ကိုရီးယားကပြောပါတယ်။

မြောက်ကိုးရီးယားဟာ အဲဒီလိုဆင်သွယ်မှုတွေကို သုံးရက်ဆက်တိုက် တုံ့ပြန်ခြင်းမရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ပုံမှန်အားဖြင့် တနေ့ကိုနှစ်ကြိမ် အရေးပေါ် ဆက်သွယ်ရေးလိုင်းမှတဆင်ံ့ ဆက်သွယ်နေကြဖြစ်သည်။

တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနဟာလည်းမြောက်ကိုးရီးယား အာဏာပိုင် တွေကိုွနေ့စဥ် နှစ်ကြိမ် ဆက်သွယ်ဆောင်ရွက်လျက်ပေမယ့် သောကြာနေ့က စ ပြီး မြောက်ကိုရီးယားက တုံ့ပြန်မှု မရှိဘူးလို့ ဆိုပါတယ်။

နည်းပညာဆိုင်ရာ အကြောင်းပြချက်ကြောင့် နှစ်နိုင်ငံကြား ဆက်သွယ် ရေးလိုင်းတွေ ယခင်က ယာယီဖြတ်တောက်ခဲ့ဖူးပြီးယခုတစ်ကြိမ်မှာ မြောက်ကိုးရီးယားက ဘာ့ကြောင့် တုံ့ပြန်ခြင်း မပြုတာလည်း ရှင်းလင်းစွာမသိရပါဘူး။

အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ တောင်ကိုရီးယား အစိုးရ အရာရှိတွေက ပြောပါတယ်။ မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကန့်ကွက်သည့်အနေနဲ့ ၂၀၂၁ ခုနှစ်မှာ ဆက်သွယ်ရေးလမ်းကြောင်းတွေကို တဖက်သတ်ဖြတ်တောက်ခဲ့ပါတယ်။

Ref:NHK
#voiceofmyanmar #VOM #တောင်ကိုရီးယား#မြောက်ကိုရီးယား

Related posts

Leave a Comment

VOM News

FREE
VIEW