မကွေးမှာ သားအဖနှစ်ဦး မိုးကြိုးပစ်ခံရပြီးသေဆုံး

ဧပြီ ၂၃ – ၂၀၂၃
GG(VOM)

မကွေးမြို့နယ်က ဆူးကောက်စမ်းရွာမှာ သားအဖ ၂ ယောက် မိုးကြိုးပစ်ခံရပြီး သေဆုံးမှု မနေ့ ဧပြီ၂၂ ရက် ညနေပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရွာရဲ့မြောက်ဘက်ယာခင်းတွေထဲမှာ နွားကျောင်းနေချိန် ညနေ ၅ နာရီခန့်က မိုးကြိုးပစ်ခံရပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” နွားကျောင်းသွားရင်းအပစ်ခံရတာလို့သိရတယ်။ဒဏ်ရာတွေကတော့ ခန္ဓာကိုယ်မှာ အညိုမဲတွေ့ရတယ်၊မျက်လုံးထဲကသွေးထွက်နေတယ်၊အဖေဖြစ်သူကတော့ ဆံပင်တွေထောင်နေတယ် ၊နာမည်တွေကိုယ်တော့ သေဆုံးသူရဲ့privacy အရကျနော်တို့မပြောပါဘူး”လို့ ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးကပြောပြပါတယ်။

မိုးကြိုးပစ်သေဆုံးသူ ဖခင်က အသက်၅၈ နှစ်ဖြစ်ပြီး သားဖြစ်သူကတော့ အသက်၃၅ နှစ်အရွယ်ဖြစ်ကာ ဆူးကောက်စမ်းရွာမှာ နေထိုင်သူတွေဖြစ်တယ်လို့သိရပါတယ်။

သေဆုံးသူ သားအဖနှစ်ယောက်လုံးကို မနေ့ ညပိုင်းကတည်းက မကွေးပြည်သူ့ဆေးရုံကြီရဲ့ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့သိရတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာလည်း မြန်မာတနိုင်ငံလုံးအနေနဲ့ဆိုရင် မိုးကြိုးပစ်တဲ့ ဖြစ်စဥ်ပေါင်း ၄၀ ထက်မနည်းရှိခဲ့ပြီး မိုးကြိုးထိမှန်ပြီး သေဆုံးသူက ၁၀ ဦးထက်မနည်းရှိကာ ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #မကွေး #မိုးကြိုးပစ် #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW