ဆူဒန်ကနေ သံတမန်တွေနဲ့ နိုင်ငံသားတွေကိုကယ်ထုတ်ရေး နိုင်ငံတကာအစိုးရတွေ လုပ်ဆောင်နေ

ခါတွမ်၊ ဧပြီ-၂၄-၂၀၂၃
မျိုးဆက်(VOM)

ဆူဒန်နိုင်ငံ မြို့တော်ခါတွမ်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာကြောင့် ကမ္ဘာ့နိုင်ငံအစိုးရတွေဟာ သူတို့ရဲ့ သံတမန်တွေနဲ့ နိုင်ငံသားတွေကို ဆူဒန်ကနေ ကယ်ထုတ်နေကြပါတယ်။

အမေရိကန်နဲ့ဗြိတိန်တို့ဟာ သူသတို့ရဲ့သံတမန်၀န်ထမ်းတွေကို ဆူဒန်မှကယ်ထုတ်ခဲ့ကြောင်း ဧပြီ ၂၃ ရက်မှာ ကြေညာပါတယ်။

ရဟတ်ယာဉ်သုံးစင်းနဲ့ လူပေါင်း ၁၀၀ ထက်မနည်းကို ကယ်ထုတ်ခဲ့ကြောင်း အမေရိကန်အာဏာပိုင်တွေကပြောပါတယ်။

ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ စပိန်နိုင်ငံတို့ကလည်း နိုင်ငံသားတွေကို ကယ်ထုတ်နေကြပါတယ်။ ဆူဒန်စစ်တပ်နဲ့ ပြည့်သူ့စစ်အဖွဲ့တို့အကြား ပြင်းထန်တဲ့အာဏာလွန်ဆွဲမှုကြောင့် ဆူဒန်နိုင်ငံတ၀န်း အကြမ်းဖက်မှုများဆီသို့ ဦးတည်နေပါတယ်။

လူဦးရေခြောက်သန်းရှိတဲ့ မြို့တော်ခါတွမ်မှာ အာဖရိက၊ အာရှနဲ့ အရှေ့အလယ်ပိုင်းကနေ လာရောက်တဲ့ ပြည်ပကျောင်းသားအများအပြားဟာ အကူအညီတောင်းခံမှုတွေလည်းရှိနေပါတယ်။

တချိန်တည်းမှာ ဆူဒန်မှာအင်တာနက်ဆက်သွယ်ရး လုံးလုံးလျားလျားနီးပါး ပြတ်တောက်မှုဖြစ်ပေါ်နေပြီး ခါတွမ်နဲ့ အခြားမြို့တွေမှာ ပိတ်မိနေသူတွေကို အကူအညီပေးဖို့ ညှိနှိုင်းဆောင်ရွက်မှုတွေကို ဆိုးရွားစွာအဟန့်အတားဖြစ်နေကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။

Ref: BBC
Photo:AP
#voiceofmyanmar #VOM #ခါတွမ်

Related posts

Leave a Comment

VOM News

FREE
VIEW