မြောက်ကိုရီးယားကို ဆေးလိပ်ရောင်းချခဲ့မှု Lucky Strike၊ စီးကရက်ထုတ်တဲ့ကုမ္ပဏီ ဒေါ်လာသန်း ၆၀၀ ကျော်ဒဏ်ရိုက်ခံရ

ဝါရှင်တန်၊ ဧပြီ-၂၀၂၃
မျိုးဆက်(VOM)

အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်ပြီး မြောက်ကိုရီးယားကို စီးကရက်ရောင်းချကြောင်း ဝန်ခံပြီးနောက် ဗြိတိန်အမေရိကန် ဆေးရွက်ကြီး British American Tobacco ကုမ္ပဏီကို အမေရိကန် အာဏာပိုင်တွေက ဒေါ်လာ ၆၃၅ သန်း (ပေါင် ၅၁၂ သန်း) ဒဏ်ရိုက်လိုက်ပါတယ်။

၂၀၀၇ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း မြောက်ကိုရီးယားမှာ BATကုမ္ပဏီရဲ့လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး အခုလိုဒဏ်ရိုက်ခဲ့တာလို့ အာဏာပိုင်တွေကပြောပါတယ်။

BAT ဟာ ကမ္ဘာ့အကြီးဆုံး ဆေးရွက်ကြီးကုမ္ပဏီ ဖြစ်ပြီး Lucky Strike၊ Dunhill နဲ့ Pall Mall အပါအဝင် အဓိက စီးကရက်အမှတ်တံဆိပ်တွေကို ထုတ်လုပ်နေတာဖြစ်ပါတယ်။

BATအကြီးအကဲ ဂျက်ဘောဝဲလ် က မိမိတို့ရဲ့မှားယွင်းတဲ့လုပ်ရပ်အတွက် အလွန်နောင်တရမိတယ်လို့ ပြောပါတယ်။

အမေရိကန်ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုတွေကြောင့် ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ဆေးလိပ်အလွန်အကျွံသောက်သူလို့ လူသိများပါတယ်။

ပြီးခဲ့တဲ့နှစ်က မြောက်ကိုရီးယားကို ဆေးရွက်ကြီးတင်ပို့မှုကို တားမြစ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမေရိကန်က ကြိုးပမ်းခဲ့ပေမယ့် ရုရှားနဲ့ တရုတ်တို့က ဗီတိုအာဏာသုံး ပယ်ချခဲ့ပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW