အန္တရာယ်ဖြစ်စေတဲ့ အိန္ဒိယထုတ်ချောင်းဆိုးပျောက်ဆေးရည် နောက်တမျိုးတွေ့ရှိကြောင်း WHO ကြေညာ

ဂျီနီဗာ၊ ဧပြီ-၂၇-၂၀၂၃
မျိုးဆက်(VOM)

အန္တရာယ်ဖြစ်စေတဲ့ အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက်ဆေးနောက်ထပ်တမျိုးကို မာရှယ်လ်ကျွန်းစုနဲ့ မိုက်ခရိုနီးရှားနိုင်ငံတို့မှာ တွေ့ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဧပြီ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံ ပန်ဂျပ်အခြေစိုက် ကျူပီဆေးကုမ္ပဏီမှထုတ်လုပ်တဲ့ Guaifenesin တံဆိပ် ချောင်းဆိုးပျောက်ဆေးရည်ထဲမှာ လူကိုအဆိပ်ဖြစ်စေပြီး အသက်အန္တရာယ်ရှိနိုင်တဲ့ Diethylene glycol နဲ့ Ethylene glycol ဒြပ်ပေါင်းနှစ်မျိုးပါ၀င်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဂမ်ဘီယာနဲ့ ဥဇဘတ်ကစ္စတန်တို့မှာ ကလေးငယ်တွေသေဆုံးမှုနဲ့ ဆက်နွယ်နေတဲ့ အိန္ဒိယနိုင်ငံထုတ် အခြားချောင်းဆိုးပျောက်ဆေးရည်တွေနဲ့ပတ်သက်ပြီး သတိပေးချက်ထုတ်ပြန်ပြီးနောက် လအတန်အကြာမှာ နောက်ထပ်အန္တရာယ်ဖြစ်စေတဲ့ ချောင်းဆိုးပျောက်ဆေးတမျိုး ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

ရင်ဘတ်အောင့်ခြင်းနဲ့ ချောင်းဆိုးခြင်းတွေကိုသက်သာစေဖို့အသုံးပြုတဲ့ Guaifenesin တံဆိပ်ဆေးရည်ကို သြစတြေးလျ ဆေးဝါးထုတ်ကုန်များ စီမံခန့်ခွဲရေးဌာနက စမ်းသပ်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

ကျူပီဆေးကုမ္ပဏီဟာ စည်းမျဉ်းစည်းကမ်းတွေအရ ခွင့်ပြုချက်ယူပြီးနောက် ဆေးပုလင်းပေါင်း ၁၈၃၄၆ ကို ကမ္ဘောဒီးယားသို့ တင်ပို့ခဲ့ခြင်းဖြစ်ပြီး မာရှယ်လ်ကျွန်းစုနဲ့ မိုက်ခရိုနီးရှားကို ဘယ်လိုရောက်သွားလည်း မသိရှိကြောင်း ကုမ္ပဏီတာ၀န်ရှိသူတဦးက ပြောဆိုထားပါတယ်။

Ref:BBC
Photo:WHO
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW