ပြည်ကြီးတံခွန်မြို့နယ်က နောက်ထပ်ရွှေဆိုင်တစ်ဆိုင် သိန်း ၂၅၀၀ ကျော်ဖိုး ဓားပြတိုက်ခံရ

ဧပြီ ၂၈-၂၀၂၃
Voice Of Myanmar(VOM)

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၊၆၂လမ်း ၁၃၃လမ်းနဲ့ ၁၃၄လမ်းကြား၊ စက်မှု(၁)စျေးရှေ့က “ထက်ဝေယံ”ရွှေဆိုင်မှာ ဒီကနေ့ နေ့လယ်ပိုင်းက ရွှေထည်ပစ္စည်း သိန်း ၂၅၀၀ကျော်ဖိုး ဓားပြတိုက်ခံရမှုဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

” ဖြစ်စဥ်က ဟိုတနေ့ကဓားပြတိုက်ခံရတဲ့ ဖြစ်စဥ်အနီးက နောက်ထပ်ရွှေဆိုင်တစ်ဆိုင်ပါပဲ၊ စျေးထဲကနေ လာတဲ့ သေနတ် တစ်ယောက် တစ်လက်ပါတဲ့ လူ(၂)ယောက်က သေနတ်ပစ်ဖောက်ပြီး ရွှေဆိုင်ကောင်တာကို ဓားနဲ့ခွဲတယ်၊ ပြီးတော့ ကောင်တာထဲက ရွှေထည်ပစ္စည်း သိန်း ၂၅၀၀ကျော်ခန့်ကို ဆာလာအိတ်ထဲ ထည့်ပြီး ထွက်ပြေးသွားတယ်”လို့ ရဲနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

ရွှေဆိုင်ကောင်တာအတွင်းက ရွှေဆွဲကြိုး ၊ရွှေနားကပ်၊ ရွှေနားဆွဲတွေထည့်ထားတဲ့ ဗန်း(၆)ဗန်း ခန့်မှန်းတန်ဖိုး သိန်း ၂၅၀၀ကျော်ခန့်ကို ဆာလာအိမ်ထဲထည့်ပြီး စျေးအတွင်းကို ထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်စဥ်ဖြစ်ပွါးအပြီး သက်ဆိုင်ရာက အဖွဲ့စုံနဲ့ လာရောက်စစ်ဆေးတာတွေပြုလုပ်ခဲ့ပြီး တရားခံဖမ်းမိရေး ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ရက်ကလည်း အခုဖြစ်စဥ်ဖြစ်တဲ့ စက်မှု(၁)ဈေးရှေ့က ထိပ်တန်း ရတနာရွှေဆိုင် သိန်း(၂၇၀၀) တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေ ဓားပြတိုက်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး တရားခံကို အခုအချိန်ထိ ဖမ်းဆီးရမိတယ်ဆိုတာ မကြားမိသေးပါဘူး။

#voiceofmyanmar #VOM #မန္တလေး #ပြည်ကြီးတံခွန် #ရွှေဆိုင်ဓားပြမှု

Related posts

Leave a Comment

VOM News

FREE
VIEW