လေးမျက်နှာမြို့မှာ မီးလောင်မှုဖြစ်ပွားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ နေအိမ် ၄ လုံး မီးထဲပါသွား

ဧပြီ၊၂၉-၂၀၂၃
MM(VOM)

ဧရာ၀တီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၊ ခမောက်စုကျေးရွာ အုပ်စုမှာ မနေ့ ဧပြီ ၂၈ ရက်နေ့ လည်ပိုင်းကစက်ပိုင်း (၁)ရပ်ကွက်က ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

”အုပ်ချုပ်ရေးမှူးရုံးကနေ မီးစတင်လောင်တာ၊ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်တာတဲ့ ရုံးအနီးက လူနေအိမ် ၄ လုံးပါ မီးလောင်တဲ့အထဲ ပါသွားတယ်၊ အပူရှိန်ကရှိတော့ မီးလောင်အားက ကောင်းခဲ့တယ်၊ အချိန်မီ မီးထိန်းနိုင်ခဲ့လို့ တော်သေးတယ်၊ နို့မို့ဆိုမလွယ်ဘူး၊ အခုထက် အခြေအနေ ပိုဆိုးမှာ။”လို့ မီးငြှိမ်းသတ်ရာမှာပါဝင်တဲ့ ဒေသခံတယောက်ကပြောပါတယ်။

အဲ့ဒီ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့တွေ၊ လူမူကူညီရေးအဖွဲ့တွေနဲ့ ရပ်ကွက်နေ ဒေသခံတွေက ဝိုင်းငြိမ်းသတ်ခဲ့တာကြောင့် မိိနစ် ၃၀ အတွင်း ငြိမ်းသတ်နိုင်ခဲ့ပြီး လူတွေ ထိခိုက်ဒဏ်ရာရရှိ သေဆုံးတာမရှိသလို အခြားအိမ်တွေလည်း ကူးစက်တာမရှိခဲ့ဘူးလို့ သိရပါတယ်။

”အုပ်ချုပ်ရေးမှူးရုံးနဲ့ လူနေအိမ် ၄ လုံပျက်စီးဆုံးရူံးခဲ့တယ်၊ လူတွေတော့ ထိခိုက်ဒဏ်ရာတာမရှိဘူး၊ ဒါကလည်း အဖွဲ့စုံက အချိန်မီ မီးထိန်းနိုင်လို့လေ၊ မီးလောင်ဆုံးရှုံးတဲ့ အိမ်တွေကတော့ အစုံပဲ မီးသာ အချိန်မီ မထိန်းနိုင်ရင် နေအိမ် ၁၀၀ လောက် မီးထဲပါသွားလောက်မယ်။”လို့ ရပ်ကွက်တာဝန်ရှိသူ တယောက်ကပြောပါတယ်။

အဲ့ဒီ မီးလောင်မှုကြောင့် နေအိမ် ၄ လုံးနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မီးထဲပါသွားတဲ့အတွက် ခန့်မှန်းဆုံးရှုံးမှုတန်ဖိုးငွေ သိန်း ၉၀၀ ကျော်အထိရှိမယ်လို့ သိရပါတယ်။

ဟင်္သတာခရိုင်ထဲမှာ ပြီးခဲ့တဲ့ ဖေဖေဝါရီလ ၁၄ ရက်နဲ့ မတ်လ ၈ ရက်က မီးလောင်မှုများဖြစ်ပွားပြီး လူနေအိမ် ၄ လုံးပျက်စီးဆုံးရှုံးခဲ့သေးတယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ဈေးဆိုင်ခန်းတွေ ထောင်ချီရှိတဲ့ ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့က အောင်သာယာဈေးမှာ သင်္ကြန်ကာလ ဧပြီလ ၁၅ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ယောက်သေဆုံးကာ ဈေးဆိုင်ခန်းပေါင်း (၃၀)ကျော်မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သတင်း မှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #လေးမျက်နှာမြို့ #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW