`သမ္မာအာဇီဝ` နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းကို သေနတ်အတုနဲ့ ငွေလုဖို့လုပ်ခဲ့တဲ့အမျိုးသား အဖမ်းခံရ

ဧပြီ ၂၉ – ၂၀၂၃

GG (VOM)

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ (၄) ရပ်ကွက်၊ ရန်ကင်းလမ်းမှာ ဖွင့်ထားတဲ့ Thamararziwa Currency Exchange သမ္မာအာဇီဝ ငွေကြေးလဲလှယ်ဝန်ဆောင်မှုဆိုင်ကို ဒီနေ့ ဧပြီ ၂၉ ရက် ၊နေ့လယ်လောက်မှာ ဝင်ရောက်လုယက်ဖို့ကြိုးစားခဲ့သူကို ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

လုယက်သူ အမျိုးသား ငွေလဲကောင်တာကိုရောက်လာပြီး သေနတ်အတုနဲ့ခြိမ်းခြောက်ကာ ဆိုင်မန်နေဂျာကို ဓားနဲ့ထောက်ပြီး ငေံတွေရယူဖို့ကြိုးစားစဥ်မှာ ပြည်သူတွေဝိုင်းဝန်းဖမ်းဆီးတာကိုခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

” ၁ နာရီလောက်မှာ အနီးနားပတ်ဝန်းကျင်ကလူတွေဝိုင်းဖမ်းကြတာပါ။လုဖို့ဝင်ကြံတာကတစ်ယောက်တည်းပါ။ဖမ်းမိတယ်ဆိုတာလည်း ဆိုင်ထဲကနေ အရေးပေါ်ခေါင်းလောင်းသဘောမျိုးအသံထွက်လို့ လူတွေသိပြီးဖမ်းနိုင်ခဲ့တာ “လို့ရန်ကင်မြို့နယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

အဆိုပါ ငွေလဲကောင်တာထဲ ဝင်ရောက်လုယက်သူကို စစ်မေးရာ မြောက်ဥက္ကလာပမြို့နယ်နေထိုင်သူဖြစ်ကာ နာမည်က စွမ်းရည်မောင်ဆိုသူဖြစ်ကြောင်းကနဦးသိရပါတယ်။

လက်ရှိမှာ လုယက်ဖို့ကြိုးစားခဲ့တဲ့အမျိုးသားကို သက်ဆိုင်ရာ နယ်မြေရဲစခန်းကို အပ်နှံလိုက်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူလမ်းပေါ် ၊ သိမ်ဖြူစာတိုက်မှတ်တိုင် အနီးက Ye Min Aung Money Changer နိုင်ငံခြားငွေလဲလှယ်ရေး ဝန်ဆောင်မှုလုပ်ငန်း ဓားပြတိုက်ခံရပြီး ငွေသိန်းရာနဲ့ချီပါသွားမှုရှိ ခဲ့ပါတယ်။

နောက်ပြီးဇူလိုင်လ တုန်းကလည်း ရန်ကုန်၊ လမ်းမတော်မြို့ နယ်ထဲက Farmer Money Changer နဲ့ Wave Money ငွေလွှဲလုပ်ငန်း ၂ ခုလည်း ဓားပြတိုကျခံရပြီး ငွေကျပ်သိန်း ၆၀၀ အထက် ပါသွားမှုရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ရန်ကင်း #ငွေလဲလုပ်ငန်းလုယူဖို့ကြိုးစားသူ #ဖမ်းဆီးရမိ

Related posts

Leave a Comment

VOM News

FREE
VIEW