တရုတ်နိုင်ငံခြားရေး၀န်ကြီး မြန်မာနိုင်ငံလာမည် ၊ ကုလအထူးကိုယ်စားလှယ်နဲ့ မြန်မာ့အရေး ဆွေးနွေးခဲ့

ပေကျင်း၊ မေ-၂-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံခြားရေး၀န်ကြီး ချင်းဂန်ဟာ မေ ၂ ရက်ကနေ ၅ ရက်အတွင်း မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ကို သွားရောက်မယ်လို့ တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနက မေ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံခြားရေး၀န်ကြီးဟာ အိန္ဒိယမှကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ နိုင်ငံခြားရေး၀န်ကြီးတွေအစည်းအဝေးအတွက် အိန္ဒိယနိုင်ငံကိုသွားရောက်မှာဖြစ်ပါတယ်။ သူဟာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ မနေ့ကတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိရေးအတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ မြင့်တင်ဖို့နဲ့ အချုပ်အခြာကို လေးစားဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို သူကတိုက်တွန်းလိုက်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာ့အရေးမှာ အာဆီယံရဲ့ကြား၀င်ဖြန်ဖြေမှုကိုလေးစားလိုက်နာသင့်ပြီး အာဆီယံဘုံသဘောတူညီချက်ငါးချက်အကောင်အထည်ဖော်ရေးတွေကို မြှင့်တင်ပေးသင့်တယ်လို့ တရုတ်နိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။ မြန်မာ့အရေးမှာ တင်းမာမှုတွေမြင့်တက်လာပြီး အကျပ်အတည်းတွေတိုးလာတာကို တားဆီးဖို့အတွက် လက်တွေ့ကျကျလုပ်ဆောင်ဖို့လိုအပ်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်းဟေဇာရဲ့ မြန်မာ့အရေကြိုးပမ်းအားထုတ်မှုတွေကို တရုတ်နိုင်ငံက ပံ့ပိုကူညီပေးဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: Reuters/CGTN Photo:…

Read More

ဆေးဝါးဈေးနှုန်းတွေ ဆက်လက် မြင့်တက်လျက် ရှိ

မေ ၂-၂၀၂၃ SN (VOM) ဒေါ်လာထိန်းချုပ်မှုနဲ့ သွင်းကုန်ပါမစ်ရရှိရေး ကြန့်ကြာမှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လကစတင်ပြီး ဈေးတက်ခဲ့တဲ့ နိုင်ငံခြားဖြစ်ဆေးဝါး ဈေးနှုန်းတွေဟာ လက်ရှိအချိန်အထိ အမြင့်ဈေးနဲ့သာ ငြိမ်နေပြီး ပြန်လည်ကျဆင်းခြင်း မရှိသေးဘူးလို့ ဈေးကွက်အတွင်းကနေ သိရပါတယ်။ မြန်မာ့ဆေးဝါးဈေးကွက်မှာ ၈၀ ရာခိုင်နှုန်းကျော်ကို ပြည်ပနိုင်ငံတွေက တင်သွင်းနေတာဖြစ်ပြီး ကျန်ရှိတဲ့ ၂၀ ရာခိုင်နှုန်းကိုတော့ ပြည်တွင်းမှာ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ ပြည်ပကနေ နိုင်ငံခြားဖြစ်ဆေးဝါးတွေ တင်သွင်းတဲ့အခါ လက်ရှိမှာ ကုန်သွယ်ရေးဦးစီးဌာနကို တိုက်ရိုက် လျှောက်ထားခွင့် ပြုထားပေမယ့် ဈေးနှုန်းက ကျဆင်းလာခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ “ဆေးဝါးဈေးတွေက တရိပ်ရိပ်တက်လာနေတာ။ အခုအချိန်ထိ အကျမရှိသေးဘူး။ ဈေးက အမြဲတမ်းလိုလို တက်နေတော့ လူသုံးများတဲ့ ဆေးဝါး တချို့ကိုတောင် ဝယ်မတင်နိုင်တော့ဘူး။ အခုက ရောင်းရှုံးဖြစ်နေတာ။ ရောင်းလိုက်ပြီး ကိုယ်ပြန်ဝယ်ရင်ဈေးကတက်ပြီးနေပြီ။ ကိုယ်တွေအတွက်…

Read More

ပြင်သစ်ဆန္ဒပြပွဲအတွင်း အဓိကရုဏ်းတွေကြောင့် ရဲ ၁၀၀ ကျော်ဒဏ်ရာရ ၊ ဆန္ဒပြသူ ၃၀၀ နီးပါးကိုဖမ်းဆီး

ပါရီ၊ မေ-၂-၂၀၂၃ မျိုးဆက်(VOM) ပြင်သစ်နိုင်ငံတ၀န်းမှာ ပင်စင်ပြုပြင်ပြောင်းလဲမှုတွေအပေါ် အမျက်ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်းတွေအတွင်း ရဲတပ်ဖွဲ့၀င် ၁၀၈ ယောက်ထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း ပြင်သစ်ပြည်ထဲရေး၀န်ကြီးက ပြောပါတယ်။ အခုလို ရဲတပ်ဖွဲ့၀င်အများအပြား ဒဏ်ရာရရှိမှုဟာ ကြုံတောင့်ကြုံခဲဖြစ်ပြီး မငြိမ်မသက်မှုတွေအတွင်း လူ ၂၉၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြည်ထဲရေး၀န်ကြီး ဂျရယ်ဒါမာနင်က ပြောပါတယ်။ သမ္မတမက်ခရိုရဲ့ ပင်စင်ဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေကိုဆန့်ကျင်တဲ့ အလုပ်သမားနေ့ဆန္ဒပြပွဲအတွင်း လူသိန်းချီပါ၀င်ခဲ့ပါတယ်။ အများစုက ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပေမယ့်လည်း အစွန်းရောက်သူအချို့ကတော့ ဓါတ်ဆီဗုံးတွေ မီးရှုးတွေနဲ့ ရဲတပ်ဖွဲ့၀င်တွေကို ပစ်ပေါက်ခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ဟာ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံး၊ မီးသတ်ပိုက်တွေနဲ့ လူစုခွဲခဲ့ပြီး အဓိကရုဏ်းတွေကြောင့် ဆန္ဒပြသူဘယ်လောက် ထိခိုက်ဒဏ်ရာရရှိခဲ့လဲဆိုတာကိုတော့ ရှင်းလင်းစွာမသိရပါဘူး။ အလုပ်သမားနေ့မှာ ပြုလုပ်တဲ့ဆန္ဒပြပွဲတွေဟာ ပင်စင်ယူရမယ့် အသက်ကို ၆၂ နှစ်ကနေ ၆၄ နှစ်ထိတိုးမြှင့်လိုက်တဲ့ အပေါ် နောက်ဆုံးဖြစ်ပွားခဲ့တဲ့ အကြီးအကျယ်ဆန္ဒပြမှုဖြစ်ပြီး ပင်စင်ဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေကို ရုပ်သိမ်းဖို့ အလုပ်သမားသမဂ္ဂတွေက တောင်းဆိုနေကြပါတယ်။…

Read More

ယူကရိန်းစစ်ပွဲမှာ ငါးလအတွင်း ရုရှားစစ်သား နှစ်သောင်းကျော်သေဆုံးပြီး ရှစ်သောင်းဒဏ်ရာရ

ကိယက်ဗ်၊ မေ-၂-၂-၂၃ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲအတွင်း ဒီဇင်ဘာလနောက်ပိုင်း ရုရှားစစ်သား နှစ်သောင်းကျော်သေဆုံးခဲ့ကြောင်း အမေရိကန်က ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ရုရှားစစ်သား ရှစ်သောင်းကျော် ဒဏ်ရာရရှိခဲ့ကြောင်း ထောက်လှမ်းရေးသတင်းအချက်အလက်တွေကို ကိုးကားပြီး အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ပြောပါတယ်။ သေဆုံးသွားတဲ့ စစ်သားတွေရဲ့ထက်၀င်ဟာ ယူကရိန်းအရှေ့ပိုင်း ဘက်မွတ်ခ်မြို့ကိုတိုက်ခိုက်နေတဲ့ Wanger ကြေးစားစစ်သားအဖွဲ့ကဖြစ်တယ်လို့ ဆိုပါတယ်။ ရုရှားဟာ ပြီးခဲ့တဲ့နှစ်ကတည်းက အဲဒီမြို့ကို သိမ်းပိုက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ရုရှားတပ်တွေဟာ လက်ရှိမှာတော့ ဘက်မွတ်ခ်ရဲ့နေရာအတော်များများကို သိမ်းပိုက်ထားနိုင်ပေမယ့် မြို့အနောက်ဘက်ပိုင်းက နယ်မြေအနည်းငယ်ကို ယူကရ်ိန်းတပ်တွေက ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပါတယ်။ ဘတ်မွတ်ခ်ကတဆင့် ဒွန်ဘတ်စ်ဒေသကိုထိုးစစ်ဆင်ဖို့ ရုရှားရဲ့ကြိုးပမ်းမှုမအောင်မြင်ခဲ့ကြောင်းနဲ့ သိသာထင်ရှားတဲ့သိမ်းပိုက်မှုတွေ မလုပ်နိုင်ခဲ့ဘူးလို့ ဂျွန်ခရီဘီက ပြောပါတယ်။ အဓိကအချက်မှာ လပေါင်းများစွာလုပ်ဆောင်ခဲ့တဲ့ ရုရှားရဲ့ထိုးစစ်ဟာ တိုက်ပွဲတွေအတွင်း သိသာထင်ရှားတဲ့ ဆုံးရှုံးမှုတွေအပြီး နောက်ပြန်ဆုတ်သွားခြင်းဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ Ref:BBC Photo:Reuters #voiceofmyanmar #VOM #ကိယက်ဗ်

Read More

အကာအကွယ် မဲ့နေတဲ့ အဖိနှိပ်ခံ မြန်မာအလုပ်သမားများ

SN (VOM) နှစ်စဉ် မေလ ၁ ရက်နေ့ကို အလုပ်သမားအခွင့်အရေးတွေ အာမခံချက် အပြည့်အဝရရှိစေဖို့ ကြိုးပမ်းအားထုတ်ခဲ့မှုတွေအတွက် အသိအမှတ်ပြုတဲ့ အထိမ်းအမှတ်အနေနဲ့ ကမ္ဘာတဝှမ်းရှိ အလုပ်သမားတွေက “မေဒေးနေ့“ အဖြစ် ဂုဏ်ပြုကျင်းပကြပါတယ်။ ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်နေ့မှာကျရောက်‌ခဲ့တဲ့ အလုပ်သမားနေ့ (မေဒေးနေ့)ဟာ နိုင်ငံတကာအတွက် (၁၃၃)ကြိမ်မြောက်ဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ၁၉၃၈ ခုနှစ်၊ မေလ ၁ ရက်နေ့မှသာ ပထမအကြိမ်အဖြစ် စတင် ကျင်းပနိုင်ခဲ့တဲ့အတွက် (၄၈)နှစ်တာ နောက်ကျပြီး ကျင်းပခဲ့‌ရတာကြောင့် အခုအကြိမ်ဟာ မြန်မာနိုင်ငံအတွက်ဆိုရင်တော့ (၈၅ ) ကြိမ်မြောက် ဖြစ်ပါတယ်။ မေဒေး (ခေါ် ) အလုပ်သမားနေ့ဆိုတာဟာ အလုပ်သမား လူတန်းစားတွေအဖို့ လွန်စွာအရေးပါတဲ့ နေ့ကြီးဖြစ်ပါတယ်။ ရှေးနှစ်ပေါင်းများစွာက အလုပ်သမား ပစ္စည်းမဲ့လူတန်းစားတွေကို ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ အရင်းရှင်စနစ်ကို တော်လှန်ပြီး အလုပ်သမားတွေရဲ့ ဘဝသစ်…

Read More

မေ(သို့မဟုတ်)နွေ

ဆူးငှက် ဝိသာခါကြယ်ရောင်ထွန်း………. ထွန်းထိန်လို့ဝေ၊ တိမ်ဘုံဗွေ မေဃဝန်မိုးသံကျူး ထူးထွေမြူးပေ၊ ဖူးရွှေခိုင်မြတ် ပန်းပိတောက်တွေ စကားဝါပွင့်တွေ၊ တူစုံမောင်မယ် ခူးစို့လေ။ (မြို့မငြိမ်း) အရင်တုန်းက ကဆုန်လပြည့် ရွှေကြက်ယက်ဘုရား ညောင်ရေသွန်းပွဲတော်မှာ အထူး စည်ကားလှသည်။ ပတ်ဝန်းကျင်ကျးရွာများမှ ရှေ့ဝင်း နောက်ဝင်း ခင်းကာ ညောင်ရေသွန်းပွဲ ဆင်နွှဲကြပါသည်။ မန္တလေးမှာတော့ မဟာမုနိ၊ဗောဓိကုန်း၊ ရန်ကင်းတောင်၊ မန္တလေးတောင်တို့၌ စည်ကားသည်။ဗောဓိညောင်ပင် ခြေတော်ရင်းမှာ ရေအိုးတစ်လုံးပြီးတစ်လုံး ပြိုင်တူလက်ဆုံရင်း ညောင်ရေလောင်းကြတော့ သူ့ကိုယ့်၊ ကိုယ့်ကိုယ် ရေစိုရွှဲရတော့၏။ သူကလည်း နောက်ဆုတ်ဦးမှာမဟုတ်။ ကိုယ်ကလည်း ဖိုးကျိုင်းတုတ်။ ရေစက်ရေမှုန်ကြားမှ ခိုးကြည့်ရသော်လည်း သူ့တစ်မျက်နှာက ကိုယ့်မျက်နှာနှင့် တစ်တောင်သာသာ အကွာ။ ဒါပေမယ့် ရဲရဲမကြည့်ရဲ။ အသည်းကတော့ တဖိုဖို…။သည်လိုနှင့်….၊သည်လိုနှင့်…..။ ကဆုန်လပြည့်ပေါင်းများစွာ….သူ့ဘာသာ ဖြတ်သန်း….၊ ဖြတ်သန်း သွားတာ ကြာပေါ့။ ဧပြီကုန်တော့မေ…။ ချစ်စွာသောမေ…..။ မေကတော့ တက်ကြွမှု၏ ပြယုဂ်တစ်ခု။…

Read More
VOM News

FREE
VIEW