တာချီလိတ် အမှတ်(၁)တံတားပေါ်မှာ အသက် (၅၀)ကျော်အရွယ် အမျိုးသမီး(၁)ဦး လဲကျသေဆုံးမှုဖြစ်ပွားခဲ့

မတ်၂-၂၀၂၃
MM(VOM)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားပေါ်မှာ ဒီနေ့ မေလ ၂ ရက် မနက်ပိုင်းက သက် ၅၀ ကျော် အရွယ်အမျိုးသမီးတစ်ဦး ရုတ်တရက်လဲကျသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ အမျိုးသမီးဟာ မေ(၂)ရက်၊ နံနက်(၁၀)နာရီဝန်း က တာချီလိတ်မြို့၊ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည် ရေး တံတားအနီးလမ်းလျှောက်လာရင် ရုတ်ရက်လဲကျကာ သေဆုံးခဲ့တာဖြစ်ပြီး အသက်(၅၇)နှစ်အရွယ်ဖြစ်တယ်လို့ သိရပါတယ်။

”အဲ့ဒီ အမျိုးက လမ်းလျှောက်နေရင်း လဲကျသေဆုံးသွားတာ၊ အပူရှိန်ကြောင့်လို့ ဆုံးသွားတာလို့ ထင်တယ်၊ သူက သွေးတိုး ရောဂါအခံလည်းရှိတယ်၊ သေဆုံးသူ အမျိုးသမီးက မယ်ဆိုင်ဘက်ကိုအလည်သွားဖို့ အမှတ်(၁)တံတားပေါ်မှာ TBP ကဒ်လုပ်ပြီး အထွက် မူးလဲသွားခဲ့ပြီးနောက် အခုလိုဆုံးသွားတာပါ။”လို့ တာချီလိတ်မြို့နယ်က တာဝန်ရှိသူ တဦးကပြောပါတယ်။

အဲ့ဒီ အမျိုးသမီးဟာ ဦးဏှောက်သွေးကြောပေါက်ကာ သေဆုံးသွားတာဖြစ်ပြီး သေဆုံးသွားခဲ့တဲ့ အမျိုးသမီးဟာ တာချီလိတ်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ လွယ်တော်ခမ်းမှာ နေထိုင်သူဖြစ်တယ်လို့သိရပါတယ်။

အခုရက်ပိုင်းအတွင်း ရုတ်တရက် လဲကျသေဆုံးမှုတွေ နိုင်ငံတဝှမ်း ဖြစ်ပွားနေပြီး တာချီလိတ်မြို့နယ်မှာ လဲကျသေဆုံးသွားတဲ့ အမျိုးသမီးဟလည်း အဲ့ဒီဖြစ်စဥ်မှာ ပါဝင်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရုတ်တရက် လဲကျသေဆုံးသူ အများစုဟာ အသက်(၅၀)နဲ့အထက်အရွယ်တွေ အများဆုံးပါဝင်ပြီး သွေတိုး ၊ နှလုံးနဲ့ ဆီးချို ရောဂါ အခံရှိသူတွေအများဆုံး ရုတ်တရက် လဲကျသေဆုံးမှု ဖြစ်ပွားနေတာလို့ သိရပါတယ်။

ရှမ်းပြည်နယ် ၊ တာချီလိတ်မြို့နယ် ၊ တာလေမြို့မှာ ဒီနေ့ ဧပြီလ ၂၄ ရက်မနက်ပိုင်းက အမျိုးသမီးတစ်ဦး နေအပူရှိန်ကြောင့် ရုတ်တရက်လဲကျ သေဆုံးမှုဖြစ်ပွားခဲ့ သေးတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

Photo Credit – ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း
#voiceofmyanmar #VOM #တာချီလိတ်

Related posts

Leave a Comment

VOM News

FREE
VIEW