ပါလက်စတိုင်းတစ်ဦးသေဆုံးမှုကြောင့် ဂါဇာရှိစစ်သွေးကြွတွေက အစ္စရေးကို ဒုံးကျည် ၂၂ စင်းနဲ့ ပစ်ခတ်တိုက်ခိုက်

ဂါဇာစီးတီး၊ မေ-၃-၂၀၂၃
မျိုးဆက်(VOM)

ပါလက်စတိုင်းအကျဉ်းသားတဦးသေဆုံးပြီးနောက် ဂါဇာရှိစစ်သွေးကြွတွေဟာ အစ္စရေးနိုင်ငံထဲကို ဒုံးကျည်အစင်း ၂၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အခုလို ဒုံးကျည်ပစ်ခတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးတင့်ကားတွေက ဂါဇာကမ်းမြှောင်ဒေသကို ဒုံးကျည်တွေနဲ့ တုံ့ပြန်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်ပလုပ်သားသုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဂါဇာကမ်းမြှောင်ဒေသကို မေ ၂ ရက်ညပိုင်းက တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်ကပြောပါတယ်။ ပါလက်စတိုင်းအကျဉ်းသား ခါဒါအက်နန်ဟာ အစ္စရေးရဲ့အကြမ်းဝါဒစွဲချက်တွေကြောင့် ဖမ်းဆီးခံထားရတဲ့ အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့မှ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။

၈၇ ရက်ကြာ သပိတ်မှောက်မှုအတွင်း သူဟာဆေးဝါးကုသမှုခံယူဖို့ ငြင်းဆိုခဲ့ကြောင်း အစ္စရေးအာဏာပိုင်တွေက ပြောပါတယ်။

ဒါပေမယ့်ရှေ့နေကတော့ ဆေးဘက်ဆိုင်ရာ ပေါ့လျော့မှုကြောင့် သေဆုံးခဲ့တာလို့ စွပ်စွဲထားပြီး တမင်တကာလုပ်ကြံခြင်းဖြစ်ကြောင်း ပြောပါတယ်။

သူသေဆုံးကြောင်း ကြေညာပြီးနာရီပိုင်းအကြာတွင် ဂါဇာမှပါလက်စတိုင်းတို့က အစ္စရေးဘက်ကို ဒုံးကျည်၂၂ စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေးစင်းကို အစ္စရေးဒုံးကျည်ကာကွယ်ရေးစနစ်က ကြားဖြတ်ပစ်ချခဲ့ကြောင်း အစ္စရေးက ပြောပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ဂါဇာစီးတီး

Related posts

Leave a Comment

VOM News

FREE
VIEW