ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် (၃) ဦး ပြန်လည် လွတ်မြောက်လာ

မေ ၃ – ၂၀၂၃
SN (VOM)

ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ဒီနေ့ မေလ ၃ ရက်မှာ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကို နစက က လွတ်ငြိမ်းချမ်းသာခွင့်ပြုရာမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် (၃) ဦး ပြန်လည် လွတ်မြောက်လာတယ်လို့ သိရပါတယ်။

လွတ်မြောက်လာသူတွေဟာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုခန့်သူအောင်၊ အတွင်းရေးမှူးဟောင်း ကိုမင်းဟိန်းခန့်နဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုဖြိုးကျော့နိုင်တို့ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ဟာ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံထားရသူတွေ ‌ဖြစ်ပါတယ်။

“သူတို့က ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၃ ရက်က တာမွေမြို့နယ်က ဆန္ဒပြပွဲကိုအသွားမှာ အဖမ်းခံခဲ့ရတာ။ သူတို့နဲ့အတူ သမဂ္ဂ ဘဏ္ဍာရေးတာဝန်ခံ မယဉ်မြတ်နိုးဦးလည်း အဖမ်းခံခဲ့ရတာ။ ဒီအမှုတွဲထဲမှာပါတဲ့ ၃ ယောက်က ပြန်လွတ်လာတာပေါ့။ ကျန်တဲ့တယောက်ကတော့ လွတ်တဲ့အထဲ မပါသေးဘူး” လို့ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဘဏ္ဍာရေးတာဝန်ခံ မယဉ်မြတ်နိုးဦးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တာမွေတရားရုံးကနေ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရတဲ့အပြင် မတ်လ ၃၁ ရက်မှာ မင်္ဂလာတောင်ညွန့်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ နောက်ထပ် အလုပ်နဲ့ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားသူ ဖြစ်ပြီး စက်တင်ဘာလ ၂၄ ရက်မှာ အင်းစိန်အကျဉ်းထောင်ကနေ သာယာဝတီကို ပြောင်းရွှေ့ခံခဲ့ရသူ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #လွတ်ငြိမ်း #သမဂ္ဂအဖွဲ့ဝင်ပြန်လည်လွတ်မြောက်

Related posts

Leave a Comment

VOM News

FREE
VIEW