မန္တလေးမြို့ရှိ ရေတံခွန်တောင်ဂေါက်ကွင်းသွားတဲ့လမ်းပေါ်က ကြက်ကြော်ဆိုင် မီးလောင်မှုဖြစ်ပွါးခဲ့

မေ ၃-၂၀၂၃
Voice Of Myanmar(VOM)

မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်၊ရေတံခွန်တောင်ဂေါက်ကွင်းသွားတဲ့ လမ်းပေါ်က အဲဗားချစ် ကြက်ကြော်ဆိုင်တစ်ဆိုင် ဒီကနေ့ နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွါးခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

ဖြစ်စဥ်မှာ အကြော်ဆရာမှ မီးဖိုဆောင်အတွင်း ဂတ်စ်အိုးကို လှိမ့်ပြီးသယ်ရာကနေ ဘားပွင့်ပြီး အနီးရှိ မီးသွေမီးဖိုနဲ့ ထိတွေ့ကာ မီးလောင်မှုစတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

” ဂတ်စ်အိုးကနေ ဖြစ်တာလို့ ပြောရမှာပါပဲ၊ ဆုံးရှုံးမှုကတော့ ကြက်ကြော်ဆိုင်က အဆောင်တဲတွေနဲ့ ဆိုင်ကယ်အချို့ မီးလောင်ပျက်စီးသွားပါတယ်”လို့ မီးသတ်နဲ့နီးစပ်သူတစ်ဦး​ကပြောပါတယ်။

မီးလောင်မှုကြောင့် မီးဖိုဆောင်(မီးဖိုဆောင်၂)လုံး၊ အလုပ်သမားအိပ်ဆောင်(၁)လုံး၊ စကူဖီ ဆိုင်ကယ် (၃)စီး၊ Clickဆိုင်ကယ် (၁)စီး၊ TVS ဆိုင်ကယ် (၁)စီး၊ 125ဆိုင်ကယ် (၁)စီး နဲ့ အတွင်းပစ္သည်းအချို့ မီးလောင်ပျက်စီးကာ မီးသတ်တွက်ချက်တန်ဖိုးငွေ ၉၃သိန်း ၅သောင်း ၁ထောင် ကျပ် မီးလောင်ဆုံးရှုံးခဲ့ပြီး အကြော်ဆရာတစ်ဦးဖြစ်သူ ၃၅ နှစ်အရွယ် အမျိုးသားလည်း မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်လို့ အုန်းချောနယ်မြေရဲစခန်းက အကြော်ဆရာဖြစ်သူ အသက်(၂၅)နှစိအရွယ် အမျိုးသားအား ပ-၅၅/၂၀၂၃၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၂၈၅(မီးပေါ့ဆစွာသုံးစွဲမှု)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်ရှိ ကလေးကစားစရာပစ္စည်းတွေ သိုလှောင်ထားတဲ့ နေအိမ်မှာ ကသားစရာပစ္စည်းအတွင်း ထည့်သွင်းထားတဲ့ AAဓာတ်ခဲပေါက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

Photo Crd -Original Uploader
#voiceofmyanmar #VOM #မန္တလေး #ကြက်ကြော်ဆိုင်မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW