ဆာဘီးယားမှာ ရက်ပိုင်းအတွင်း ဒုတိယမြောက်အစုလိုက်အပြုံလိုက်ပစ်ခတ်မှု လူရှစ်ယောက်သေဆုံး

ဘဲလ်ဂရိတ်၊ မေ-၅-၂၀၂၃
မျိုးဆက်(VOM)

ဆာဘီးယားနိုင်ငံမှာ ရက်ပိုင်းအတွင်း ဒုတိယအကြိမ်မြောက် အစုလိုက်အပြုံလိုက် ပစ်ခတ်မှုအတွင်း လူရှစ်ယောက်သေဆုံးသွားပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း တာ၀န်ရှိသူတွေက မေ ၄ ရက်မှာ ပြောပါတယ်။

သေနတ်သမားဟာ ဘဲလ်ဂရိတ်တောင်ဘက် ၃၇ မိုင်အကွာရှိ ကျေးရွာတရွာအနီးမှာ မောင်းနေတဲ့ကားပေါ်ကနေ မောင်းပြန်သေနတ်နဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

သူဟာ ဒူဘိုနားမြို့ရှိ ပန်းခြံတခုမှာ ရဲတဦးနဲ့အချင်းများပြီးနောက် အသက် ၂၀ အရွယ်အဲဒီအမျိုးသားက မောင်းပြန်သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။

အဲဒီနောက် ကားပေါ်ကနေ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် လူရှစ်ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ လက်ရှိမှာ သေနတ်သမားကို ရဟတ်ယာဉ်တွေ ဒရုန်းတွေနဲ့ ခြေရာခံပြီးနောက် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

မေ ၃ ရက်ကလည်း ဘဲလ်ဂရိတ်မြို့ရှိ စာသင်ကျောင်းတကျောင်းမှာ ၁၃ နှစ်အရွယ် ယောက်ကျားလေးတဦးရဲ့ ပစ်ခတ်မှုကြောင့် ကျောင်းသားရှစ်ယောက်နဲ့ အစောင့်တယောက်တို့ သေဆုံးခဲ့ပါတယ်။

သေနတ်ကိုင်ဆောင်မှုဆိုင်ရာ အလွန်တင်းကြပ်တဲ့ ဥပဒေပြဌာန်းထားတဲ့ ဆာဘီးယားမှာ သေနတ်ပစ်ခတ်မှုက ကြုံတောင့်ကြုံခဲဖြစ်ပါတယ်။

Ref:BBC
Photo:Reuters
#voiceofmyanmar #VOM #ဘဲလ်ဂရိတ်

Related posts

Leave a Comment

VOM News

FREE
VIEW