ရှမ်းပြည်နယ်ကမြို့နယ်တွေမှာ ရက်ဆက် မိုးသက် လေပြင်း တိုက်ခတ်မှုကြောင့် အဆောက်အဦ ၁၀၀ ကျော်ပျက်စီး

မေလ၊၅-၂၀၂၃
MM(VOM)

ရှမ်းပြည်နယ်ထဲက မြို့နယ်တွေမှာ ရက်ဆက် မိုးသည်း ထန်စ္စာရွာသွန်းပြီး မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တွေနဲ့ စာသင်ကျောင်းတွေ အဆောက်အဦး ၁၀၀ ကျော်အထိ ပျက်စီးမှုဖြစ်ပွားခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

မေလ ၁ ရက်နဲ့ ၂ ရက် ၃ ရက်တွေမှာ မိုးသက်လေပြင်းတိုက်ခတ်မှုတွေဖြစ်ပွားပြီး ရှမ်းပြည်နယ်ထဲက ဖယ်ခုံမြို့နယ်၊ သီပေါမြို့နယ်နဲ့ တန့်ယန်းမြို့နယ်တွေမှာ လူနေအိမ်နဲ့ စာသင်ကျောင်းအဆောက်အဦ ၁၀၀ ကျော်အထိ ပြိုကျ၊ အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

”တော်တော် ပျက်စီးမှုတွေရှိခဲ့တယ် ၊ရိတ်သိမ်းပြီးနေပူလှန်းထားတဲ့ စပါးတွေလည်း ရေစိုးပြီး ပျက်စီးကုန်တာ၊အိမ်တွေကတော့ မနည်းဘဲ၊ အိမ်ခြေတော်တော်များတယ်၊ ပျက်စီးသွားတဲ့ အိမ်တွေကတော့ အမျိုးစုံပါပဲ၊ အသစ်ပြန်ဆောက်ဖို့မပြောနဲ့ ပြန်ပြင်ဖို့တောင်ငွေမရှိဘူး၊ အခုအထိလည်း အကူအညီမရသေးဘူး၊ မိုးမကျမှီပြန်ဆောက်ပြုပြင်ဖို့အကူအညီလိုနေတာ။”လို့ တန့်ယန်းမြို့နယ်က ရပ်မိ၊ ရပ်ဖ ဒေသခံတစ်ဦးကပြောပါတယ်။

သီပေါမြို့နယ်မှာတော့ လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် လူနေအိမ်တွေပြိုကျ ပျက်စီးမှုဖြစ်ပွားခဲ့တဲ့ အပြင် သစ်ပင် တွေကား လမ်းပေါ် လဲကျတာ၊ ဓာတ်တိုင်တွေကျိုးကျ တာတွေလည်းဖြစ်ပွားခဲ့ပြီး လူတွေတော့ ထိခိုက်တာမရှိဘူးလို့ သိရပါတယ်။

”မနေ့ မေလ ၃ ရက်မှာ မိုးတေကျေးရွာမှာ ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းတယ်၊ လေပြင်းတိုက်ခတ်တယ်၊ လေပြင်းဒဏ်ကြောင့် နေအိမ်တချို့ပျက်စီးခဲ့တယ်၊ လူ ထိခိုက်မှုမရှိဘူး၊ လမ်းဘေးက သစ်ပင်တွေ လဲကျခဲ့တာရှိတယ်၊ ကားလမ်းပေါ်လဲကျတာ၊ လေပြင်းက မိနစ် ၃၀ လောက်တိုက်ခတ်သွားတာမို့ အချိန်ကြာရင် အခုထက် အပျက် အစီးမှာ ၊ပျက်စီးတာတွေကို ရှင်းလင်းတာကိုတော့ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း (သီပေါ)အသင်းခွဲက သွားရောက်အကူအညီပေးခဲ့တယ်။”လို့ သီပေါမြို့နယ်က လူမှုကူညီရေးအဖွဲ့ဝင် တစ်ဦးကပြောပါတယ်။

လေပြင်းဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့တာဝန်ရှိသူတစ်ဦးက”ကူညီတာတွေလုပ်ဖို့ လိုအပ်တာတွေ ပြင်ဆင်နေပါတယ်၊ လူတွေထိခိုက် သေဆုံးတာ မရှိဘူးလို့သိရတယ်၊ နည်းနည်းတော့ စောင့်ရပါ့မယ်၊အခုကာလက မိုးကြိုကာလဖြစ်လို့ လေပြင်းဘေးအပါအဝင် သဘာဝဘေးအန္တရာယ်တွေကို သတိထားနေဖို့ပြောချင်တယ်။”လို့ ပြောပါတယ်။

ဧပြီလ ၂၅ ရက်ကလည်း ရှမ်း/မြောက် နမ္မတူမြို့မှာ လေပြင်းတိုက်ခိုက်ခဲ့ပြီး နေအိမ် ၅ လုံးထက်မနည်း ပျက်ဆီးခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၇ရက်ကလည်း လွိုင်ကော်မြို့အရှေ့ ဖက်ကျေးရွာတွေမှာ မိုးသက်လေပြင်းတိုက်မှုကြောင့် ဒေသခံနေ အိမ် ၁၀၀ နီးပါးနဲ့ဘုန်းကြီးကျောင်း (၁)ကျောင်းပျက်စီးခဲ့ရတယ်လို့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

ဒါ့အပြင် မိုးကြီးမှုနဲ့ လေပြင်းတိုက်ခတ်မှုကြောင့် ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်က နမ္မတူမြို့မှာ လူနေအိမ် ၈ လုံးပျက်စီး သွားသလို စာသင်ကျောင်းနဲ့ ဓါတ်တိုင်တွေလည်း လဲကျပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရှမ်းပြည် #လေပြင်းတိုက်ပျက်စီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW