ဇာတ်ပို့သရုပ်ဆောင် ဦးအောင်သာ အကယ်ဒမီပေးပွဲကအပြန် ကားပေါ်မှာ သေဆုံး

မေ ၇ – ၂၀၂၃
GG(VOM)

ဇာတ်ပို့သရုပ်ဆောင် ဦးအောင်သာ နေပြည်တော်မှာ ပြုလုပ်တဲ့ အကယ်ဒမီဆုပေးပွဲကနေအပြန် အနုပညာရှင်တွေကြိုပို့လုပ်ပေးတဲ့ ကားပေါ်မှာ ဒီနေ့ မေလ ၇ ရက်နေ့မနက်ပိုင်းက ကွယ်လွန်သွားပြီဖြစ်တယ်လို့သိရပါတယ်။

” မနေ့ကတွေ့တော့ကို နုတ်ဆက်လိုက်သေးတယ်၊အဲ့ဒီတုန်းကတော့ လန်းလန်းဆန်းဆန်းပါပဲ။ အခုမနက် ပြန်ဖို့ အားကစားရိပ်သာကနေ ကားပေါ်ကိုအထုတ်တွေတင် နေရာယူကြတော့သူက ထိုင်ခုံပေါ်မှာလဲနေလို့ ခေါ်ကြတော့ ခေါ်မရတော့ဘူး။ဆရာဝန်တွေလည်း လာကြည့်ပေမယ့် အသက်မရှိတော့ဘူး။သူက အသက်လည်းကြီးပြီလေ။ မိသားစုနဲ့လည်းအဆက်အသွယ်ရပါပြီ “လို့ အနုပညာရှင်တစ်ဦးကပြောပြပါတယ်။

အကယ်ဒမီဆုပေးပွဲကနေ ပြန်ဖို့အတွက် ကားပေါ်မှာ နေရာတွေ ယူနေချိန် ထိုင်ခုံပေါ်မှာ သတိလစ်ကာ သေဆုံးနေတာဖြစ်ကြောင်း၊လက်ရှိမှာ ရုပ်အေလာင်းကို ရန်ကုန်ကိုပြန်လည်သယ်ဆောင်ဖို့ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

နောက်ထပ် အနုပညာရှင်တစ်ဦးကလည်း ” မနေ့ကညကလည်း ဝမ်းတွေသွားတယ်လို့သိရတယ်။ညကလည်း ဘာမှမစားရဘူး။အခုမနက်ကြီးကျတော့လည်း ဘာမှမစားရဘူး။ အစားမရှိ ဒဏ်မခံနိုင်လို့သတိလစ်ရင်းက အသက်ပါသွားတာထင်ရတာပဲ။ ” လို့ ပြောပါတယ်။

ဦးအောင်သာ ဟာ အမဖြစ်သူနဲ့ ရွှေပြည်သာမြို့နယ်မှာနေထိုင်ပြီး လူပျိုကြီးဖြစ်ကြောင်း၊ သေဆုံးချိန်မှာ အသက် ၇၄ နှစ်ခန့်ရှိနေပြီဖြစ်တယ်လို့ အနုပညာရှင်အသိုင်းအဝိုင်းက သိရပါတယ်။

အကယ်ဒမီဆုပေးပွဲကိုတော့ မနေ့ မေလ ၆ ရက်နေ့မှာ နေပြည်တော် မြို့တော်ခန်းမ လေဟာပြင်မှာ ကျင်းပခဲ့တာဖြစ်ပြီး အကယ်ဒမီဆုပေးပွဲတက်ရောက်မယ့် အနုပညာရှင်တွေကို ကားအကြိုအပို့အဖြစ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တာဝန်ယူစီစဥ်ပေးခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဇာတ်ပို့သရုပ်ဆောင် #ဦးအောင်သာ #ကားပေါ်မှာသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW