တိုက်ပွဲဖြစ်နေတဲ့ ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ်တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆော်ဒီမှာပြုလုပ်မယ်

ခါတွမ်၊ မေ-၆-၂၀၂၃
မျိုးဆက်(VOM)

ဆူဒန်မှာ အပစ်အခတ်ရပ်စဲရေးတွေ ပျက်ပြားသွားပြီးနောက် ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တို့အကြား ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်ငြိမ်းချမ်းရေဆွေးနွေးပွဲကို ဆော်ဒီအာရေဗျမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဆူဒန်စစ်တပ်နှင့် အာအက်စ်အက်ဖ်အရန်တပ်တို့အကြား မေ ၆ ရက်မှာ အကြိုညှိနှိုင်းဆွေးနွေးပွဲတွေ စတင်ဖို့စီစဉ်ခြင်းကို ကြိုဆိုကြောင်း အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့က ပူးတွဲထုတ်ပြန်ထားပါတယ်။

မေ ၅ ရက်ထိ ဆူဒန်နိုင်ငံ မြို့တော်ခါတွမ်မှာတော့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားလျှက်ရှိပါတယ်။ အဲဒီဆွေးနွေးပွဲတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ ပြသနာများကို ဖြေရှင်းဖို့ရည်ရွယ်တယ်လို့ ဆူဒန်စစ်တပ်ကပြောပါတယ်။

အာအက်စ်အက်ဖ် ပြည်သူ့စစ်အဖွဲ့ကတော့ ဒီကိစ္စနဲ့ပတ်သက်၍ မှတ်ချက်ပြုပြောဆိုခြင်းမရှိသေးပါဘူး။

ဆိုးရွားသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရေး ကုလသမဂ္ဂနဲ့ အညီအညီပေးရေးအဖွဲ့တွေက ဆွေးနွေးပွဲတက်ဖို့ ကိုယ်စားလှယ်တွေ စေလွှတ်ထားပါတယ်။

ရက်သတ္တပတ် သုံးပတ်နီးပါးကြာ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် အရပ်သား လေးသိန်းငါးသောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး သူတို့ထဲက တသိန်းတသောင်းကျော်ဟာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခဲ့ရကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ကထုတ်ပြန်ထားပါတယ်။

Ref:BBC
Photo: Reuters
#voiceofmyanmar #VOM #ခါတွမ်

Related posts

Leave a Comment

VOM News

FREE
VIEW