အာရပ်အဖွဲ့ချုပ်ကနေ ၁၀နှစ်ကျော် ထုတ်ပယ်ခံထားရတဲ့ ဆီးရီးယား အဖွဲ့ထဲပြန်လည်၀င်ရောက်ခွင့်ရ

ဒမတ်စကတ်၊ မေ-၈-၂၀၂၃
မျိုးဆက်(VOM)

ဆီးရီးယားဟာ အာရပ်အဖွဲ့ချုပ်ကနေ ထုတ်ပယ်ခံထားပြီးနောက် ဆယ်စုနှစ်တခုကျော်အကြာမှာ အာရပ်အဖွဲ့ချုပ်ထဲကို ပြန်လည်၀င်ရောက်ခွင့်ရရှိပြီဖြစ်ပါတယ်။

ဆီးရီးယားပြည်တွင်းစစ်ကို ဖြစ်ပေါ်စေခဲ့တဲ့ ဒီမိုကရေစီအရေးတောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက ရက်ရက်စက်စက်ဖြိုခွင်းမှုတွေကြောင့် ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်ကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

ယခုလနှောင်းပိုင်းမှာ ဆီးရီးယားသမ္မတ အာဆက်တက်ရောက်မယ့် ဆော်ဒီအာရေဗျမှာ ကျင်းပဖို့ရှိနေတဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အာရပ်အဖွဲ့ချုပ်သို့ ပြန်လည်၀င်ရောက်ခွင့် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

အခုလို အာရပ်အဖွဲ့ချုပ်ထဲ ပြန်လည်၀င်ရောက်ခွင့်ပြုခြင်းကို အမေရိကန်နဲ့ ဗြိတိန်တို့က ဝေဖန်ပြောဆိုထားပါတယ်။

ဆီးရီးယားကို အဖွဲ့ထဲ ပြန်လည်၀င်ရောက်ခွင့်ပြုဖို့ မထိုက်တန်သေးသော်လည်း ဆီးရီးယားအကျပ်အတည်းကို ဖြေရှင်းဖို့ အာရပ်အဖွဲ့ချုပ်ရဲ့ ရေရှည်ရည်မှန်းချက်တွေကို ထောက်ခံကြောင်း အမေရိကန်က ပြောပါတယ်။

ဗြိတိန်အနေနဲ့ ဆီးရီးယားအစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေကို ဆန့်ကျင်ဆဲဖြစ်ပြီး အာဆက်ရဲ့ ဆီးရီးယားအစိုးရဟာ အပြစ်မဲ့ဆီးရီးယားပြည်သူတွေကို ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနဲ့သတ်ဖြတ်မှုတွေကို ဆက်လက်လုပ်ဆောင်နေကြောင်း ဗြိတိန်တာ၀န်ရှိသူတွေက ပြောပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ဒမတ်စကတ်

Related posts

Leave a Comment

VOM News

FREE
VIEW