ပါကစ္စတန်၀န်ကြီးချုပ်ဟောင်း ဖမ်းဆီးခံရမှုကြောင့် နိုင်ငံတ၀န်း ဆန္ဒပြမှုတွေဖြစ်ပွားနေ

အစ္စလာမ္မာဘတ်၊ မေ-၁၀-၂၀၂၃
မျိုးဆက်(VOM)

ပါကစ္စတန်၀န်ကြီးချုပ်ဟောင်း အိုင်မရာခန်း မေ ၉ ရက်မှာ ဖမ်းဆီးခံရပြီးနောက် သူ့ကိုထောက်ခံသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့၀င်တွေအကြား ပြင်းထန်တဲ့ အဓိကရုဏ်းတွေဖြစ်ပွားနေပါတယ်။

၀န်ကြီးချုပ်ဟောင်း ဖမ်းဆီးခံရမှုကြောင့် နိုင်ငံတ၀န်းဆန္ဒပြမှုတွေဖြစ်ပွားနေပြီး ကွီတာမြို့မှာ လူတဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အမေရိကန်နဲ့ဗြိတိန်တို့က တရားဥပဒေကို လေးစားလိုက်နာဖို့ တိုက်တွန်းထားပါတယ်။

၀န်ကြီးချုပ်ဟောင်း အိုင်မရာခန်းကို မြို့တော်အစ္စလာမ္မာဘတ်ရှိ တရားရုံးချုပ်မှာ လုံခြုံရေးတပ်ဖွဲ့၀င်တွေက ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။

သူဟာ အဂတိလိုက်စားမှုနဲ့ အမှုရင်ဆိုင်နေရပြီး ဒါဟာနိုင်ငံရေးခြေထိုးမှုဖြစ်ကြောင်း ၀န်ကြီးချုပ်ဟောင်းက ပြောဆိုထားပါတယ်။

နိုင်ငံတ၀န်းဆန္ဒပြမှုတွေ တိုးပွားလာခြင်းကြောင့် ပါကစ္စတန်ပြည်ထဲရေး၀န်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ အင်တာနက်၀န်ဆောင်မှုတွေကို ဆိုင်းငံ့ထားပါတယ်။

အိုင်မရာခန်းဟာ ပါလီမန်မှာအယုံအကြည်မရှိအဆိုတင်သွင်းခံရပြီးနောက် ယမန်နှစ်ဧပြီလက ၀န်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်ခဲ့ရပါတယ်။

မစ္စတာခန်းဟာ လက်ရှိ၀န်ကြီးချုပ် ရှာရစ်ဖ်ရဲ့ ပါကစ္စတန်အစိုးရကို ကျေနပ်အားရမှုမရှိတဲ့ လူငယ်မျိုးဆက်သစ်များတွေနဲ့ ပါကစ္စတန်အခြေခံလူတန်းတွေ အကြား ရေပန်းစားဆဲဖြစ်ပါတယ်။

Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #အစ္စလာမ္မာဘတ်

Related posts

Leave a Comment

VOM News

FREE
VIEW