ဆာဘီယားမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေအပြီး တာ၀န်ရှိသူတွေ နှုတ်ထွက်ပေးဖို့ ဆန္ဒပြနေကြ

ဘဲလ်ဂရိတ်၊ မေ-၉-၂၀၂၃
မျိုးဆက်(VOM)

ဆာဘီးယားနိုင်ငံမှာ သီတင်းတပတ်အတွင်း အစုလိုက်အပြုံလိုက်ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားပြီးနောက် မြို့တော်ဘဲလ်ဂရိတ်နဲ့ အခြားသောမြို့ကြီးတွေမှာ အကြမ်းဖက်ပစ်ခတ်မှုတွေကို လူထောင်ပေါင်းများစွာက ဆန္ဒပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မေ ၃ ရက်နဲ့ ၄ ရက်အတွင်းက ဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုအတွင်း လူ ၁၇ ဦးသေဆုံးခဲ့ပြီး မူလတန်းကျောင်းတကျောင်းမှ ကလေးငယ်ရှစ်ဦးလည်းပါ၀င်နေပါတယ်။

ဆန္ဒပြသူတွေဟာ အစိုးရထိပ်တန်းတာ၀န်ရှိသူတွေကို နှုတ်ထွက်ပေးဖို့နဲ့ အကြမ်းဖက်မှုအားပေးမြှင့်တင်တဲ့ သဘောဆောင်နေတဲ့ သတင်းစာနဲ့ ရုပ်မြင်သံကြားဌာနတွေကိုလည်း ပိတ်ပစ်ဖို့တောင်းဆိုနေကြပါတယ်။

ဆာဘီးယားသမ္မတ အလက်ဆန်းဒါးဗူဆစ်က ဆန္ဒပြမှုတွေကို ရှုတ်ချလိုက်ပြီး အတိုက်အခံတွေဟာ သူတို့အကျိုးစီးပွားအတွက် ပစ်ခတ်မှုအဖြစ်ဆိုးကို အသုံးချနေတယ် သူက စွပ်စွဲပြောပါတယ်။

စာသင်ကျောင်းတွေမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုကြောင့် ဆာဘီးယားပညာရေး၀န်ကြီး ဘရန်ကိုရူဇစ်ဟာ မကြာသေးမီက ရာထူးမှနှုတ်ထွက်ခဲ့ပြီး ပြည်ထဲရေး၀န်ကြီးနဲ့ ထောက်လှမ်းရေးအကြီးအကဲတို့ ရာထူးကနေ နှုတ်ထွက်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။

Ref:BBC
Photo:AFP
#voiceofmyanmar #VOM #ဘဲလ်ဂရိတ်

Related posts

Leave a Comment

VOM News

FREE
VIEW