ပြည်ပကိုတိမ်းရှောင်နေတဲ့ ထိုင်း၀န်ကြီးချုပ်ဟောင်းသက်ဆင် ပြည်တော်ပြန်မယ်လို့ပြော

ဘန်ကောက်၊ မေ-၁၀-၂၀၂၃
မျိုးဆက်(VOM)

ထိုင်း၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာ၀ပ်ဟာ နှစ်ပေါင်းများစွာ ပြည်ပမှာ တိမ်းရှောင်နေပြီးနောက် ထိုင်းနိုင်ငံကိုပြန်လာဖို့ စီစဉ်နေကြောင်း မေ ၉ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ထိုင်းကိုပြန်လည်မယ့်အစီအစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် မိသားစုနဲ့ကွဲကွာနေတာ ၁၇ နှစ်ရှိပြီဖြစ်ကာ ဇူလိုင်လမှာ ထိုင်းကိုပြန်လာမယ်လို့ သူ့ရဲ့တွစ်တာ စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

သက်ဆင်ကို ၂၀၀၆ ခုနှစ်မှာ စစ်တပ်ကအာဏာသိမ်းကာ ဖြုတ်ချခဲ့ပြီး အာဏာအလွဲသုံးစားမှုနံ့ တရားစွဲဆိုခံရခြင်းမှရှောင်ရှားဖို့ ပြည်ပကို ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။

အတိုက်အခံဖြူထိုင်းပါတီမှ သမီးဖြစ်သူ ပက်တုန်တန်ရှင်နာ၀ပ်ဟာ သားတဦးမွေးဖွားထားပြီး မြေးတွေကို ပြုစုစောင့်ရှောက်လိုကြောင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်က ထုတ်ဖော်ပြောဆိုပါတယ်။

အသက် ၇၃ နှစ်အရွယ် ၀န်ကြီးချုပ်ဟောင်းသက်ဆင်ဟာ လက်ရှိချိန်ထိ နိုင်ငံရေးသြဇာရှိနေဆဲဖြစ်ပြီး အတိုက်အခံဖြူထိုင်းပါတီရဲ့ ၀န်ကြီးချုပ်လောင်းဖြစ်သူ သူ့ရဲ့သမီးဟာ လူထုထောက်ခံမှုနှုန်း ၄၀ ရာခိုင်နှုန်းရှိကြောင်း စစ်တမ်းတွေက ဖော်ပြထားပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW