ပါကစ္စတန်၀န်ကြီးချုပ်ဟောင်း အိုင်မရာခန်းကို ချက်ချင်းလွှတ်ဖို့ တရားရုံးချုပ်အမိန့်ထုတ်

အစ္စလာမ္မာဘတ်၊ မေ-၁၂-၂၀၂၃
မျိုးဆက်(VOM)

ပါကစ္စတန်မှာ အကျင့်ပျက်ချစားမှုစွဲချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ၀န်ကြီးချုပ်ဟောင်း အိုင်မရာခန်းကို ဖမ်းဆီးခြင်းဟာ တရားမ၀င်ကြောင်း တရားရုံးချုပ်က မေ ၁၁ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။

အခုလိုဆုံးဖြတ်ပြီးနောက်မှာ မစ္စတာခန်းကို ချက်ချင်းလွှတ်ပေးဖို့ တရားရုံးက အမိန့်ပေးလိုက်ပါတယ်။ မေ ၉ ရက်မှာ အစ္စလာမ္မဘတ်ရှိ တရားရုံးမှာ ၀န်ကြီးချုပ်ဟောင်ကို ဖမ်းဆီးမှုဟာ ဥပဒေနှင့် မညီကြောင်း ရှေ့နေများက စောဒကတက်ခဲ့ပါတယ်။

သူဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲများအတွင်း လူ၁၀ ဦးထက်မနည်းသေဆုံးပြီး ၂၀၀၀ ကျော်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ၀န်ကြီးချုပ်ဟောင်းနဲ့စစ်တပ်အကြား တင်းမာမှုတွေ တိုးပွားနေပါတယ်။

၀န်ကြီးချုပ်ဟောင်းအပေါ် စွဲဆိုထားတဲ့အမှုတွေဟာ နိုင်ငံရေးအရ လှုံ့ဆော်မှုသာဖြစ်ကြောင်း အိုင်မရာခန်းရဲ့ပီတီအိုင်ပါတီက ဝေဖန်ပြောဆိုထားပါတယ်။

အိုင်မရာခန်းဟာ ပါလီမန်မှာ အယုံအကြည်မရှိအဆိုတင်သွင်းခံရပြီးနောက် လွန်ခဲ့တဲ့နှစ်ဧပြီလမှာ ရာထူးမှနှုတ်ထွက်ခဲ့ပြီး အဲဒီအချိန်ကစပြီး လက်ရှိ၀န်ကြီးချုပ် ရှာရစ်ဖ်နဲ့ သဘောထားကွဲလွဲနေခဲ့ပါတယ်။ မစ္စတာခန်းက ပါလီမန်ကို စောလျှင်စွာဖျက်သိမ်းပြီး ရွေးကောက်ပွဲကျင်းပဖို့ တောင်းဆိုထားပါတယ်။

Ref: BBC
#voiceofmyanmar #VOM #အစ္စလာမ္မာဘတ်

Related posts

Leave a Comment

VOM News

FREE
VIEW