သရက်တော ရဲကင်းစခန်းတိုက်ခိုက်ခံရ ၊ ၁ ဦးသေ ၊ ၁ ဦးဒဏ်ရာရ

မေ ၁၀ ၊ ၂၀၂၃
SP (VOM)

မကွေးတိုင်း ၊ စလင်းမြို့နယ် ၊ သရက်တောကျေးရွာမှာရှိတဲ့ သရက်တော ရဲကင်းစခန်းကို ဒီမနက် အစောပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ စလင်းမြို့နယ် လုံခြုံရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။

” ဒီမနက် အစောပိုင်း ၃ နာရီဝန်းကျင်မှာ တိုက်ခိုက်ခံရတာဖြစ်တယ် ၊ ပစ်ခတ်တိုက်ခိုက်ချိန် မိနစ် ၂၀ လောက်ကြာတယ် “လို့ သရက်တောရွာခံတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ စလင်းမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တစ်ယောက်က ” သရက်တောရဲကင်းစခန်းဆိုတာ ၊ ဆင်ဖြူကျွန်းအနောက်ဘက်မှာရှိတဲ့ နွယ်တမယ်ကျေးရွာဘက်ကဝင်မယ်ဆို ၁၅ မိုင်ခန့်၊ ပုသိမ်-မုံရွာဘက်က ဝင်မယ်ဆို အိုးထိန်းရွာအနားက ဝင်ရပြီး ၇ မိုင်ခန့်ဝင်ရတဲ့ နေရာဖြစ်ပါတယ် ၊ ရဲကင်းစခန်းက ရွာလယ် ကုန်းမြင့်ပေါ်မှာရှိတယ် ၊ ဒီမနက် အစောပိုင်း ၃ နာရီထိုးပြီးတော့ ပစ်ခတ်တိုက်ခိုက်ခံရတယ် ၊ ဘယ်အဖွဲ့က လာပစ်တယ်ဆိုတာ စုံစမ်းစဲဖြစ်တယ် ၊ အဲ့ဒီ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး ဝဲဖက်ပေါင်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး စခန်းအနီးနေအိမ်က မနေဝင်းခိုင်၊၃၀ နှစ်၊(ဘ) ဦးစံရှိန်း၊လည်ပင်းကျည်ဖောက်ထက်ဒဏ်ရာနဲ့ သေဆုံးသွားတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း မေ ၂ ရက် ညနေပိုင်းကလည်း မန္တလေးတိုင်း ၊ ကျောက်ပန်းတောင်းမြို့နဲ့ ၁၂ မိုင်ခန့်ကွာဝေးတဲ့ ၊ ပွေးကျစ် (မြောက်) ကျေးရွာမှာရှိတဲ့ ၊ ပွေးကျစ်နယ်မြေရဲစခန်း ဝင်ရောက်တိုက်ခိုက်ခံရတယ်လို့ ပွေးကျစ်ရွာခံတွေဆီက သိရပါတယ်။

အဲ့ဒီအပြင် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း မန္တလေးတိုင်း ညောင်ဦးခရိုင်ထဲက ငါးသရောက် နယ်မြေရဲစခန်း ဝင်ရောက်တိုက်ခိုက်ခံရတာ ဖြစ်ခဲ့ပါသေးတယ်။

ချင်းပြည်နယ် ၊ထန်းတလန် ရဲစခန်း ၊စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် ၊ မစိန်နယ်မြေရဲစခန်း ၊ ဖောင်းပြင်မြို့နယ် ၊ မိုင်းချောင်းနယ်မြေရဲစခန်း ၊ အောက်တောင်း ရဲကင်းစခန်းတွေလည်း ပြီးခဲ့တဲ့နှစ်က တိုက်ခိုက်ခံရတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #စလင်း #သရက်တောရဲကင်းစခန်းတိုက်ခိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW