မိုခါမုန်းတိုင်းရဲ့ သဘာဝဘေးဒဏ်ကြောင့် ဒီကနေ့ ၁ ရက်တည်းမှာ သေဆုံးသူ ၆ ဦးအထိရှိလာ

မေ ၁၄ -၂၀၂၃
SP(VOM)

ဒီကနေ့ မေ ၁၄ ရက် မနက်အစောပိုင်း ၃ နာရီကစလို့ ညနေ ၄ နာရီအထိ နိုင်ငံနဲ့အဝှမ်း သဘာဝဘေးဒဏ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆ ယောက်အထိ ရှိသွားပြီလို့ သက်ဆိုင်ရာ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ဒီမနက် ၃ နာရီဝန်းကျင်က ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ တာချီလိတ်မြို့ ၊ ဆန်ဆိုင်းရပ်ကွက်မှာ မြေပြိုပြီး နေအိမ်ပေါ်ပိလို့ အိမ်ထဲမှာအိပ်ပျော်နေတဲ့ လင်မယား ၂ ယောက်သေတယ် ၊ နောက်ပြီး ဒီမနက် ၈ နာရီခွဲ ဝန်းကျင်က မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ ၊ အနီးစခန်းနားက မန္တလေး – ပြင်ဦးလွင် အတက်ကားလမ်းမှာ သစ်ပင်လဲရာက ရဲတပ်ကြပ်ကြီး သန်းဝင်းဆိုသူ ပေါ်ပိလို့သေဆုံးတယ် ။ဒါ့အပြင် ဒီကနေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်က ဧရာဝတီတိုင်း ၊ ရေကြည်မြို့ နယ် ၊ တစောင်းရိုးကျေးရွာနားမှာ သစ်ပင်ပိပြီး သုံးဘီးမောင်းသူတယောက်ပိသေတယ်၊ အဲ့ဒီအပြင် ဒီမနက် ၁၀ နာရီဝန်းကျင်က ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့နယ် ၊ ကြိုကြာကွင်းကျေးရွာအုပ်စု ၊ စလူကျေးရွာမှာ သစ်ပင်ပိလို့ အသက် ၂၀ အရွယ်လူငယ် ၁ ဦးသေဆုံးတယ် ၊ သူ့နာမည်က မောင်နေလင်းအောင်ဖြစ်တယ် ၊ နောက်ပြီး ရခိုင်ပြည်နယ် ၊ ရမ်ဗြဲမြို့နယ်မှာလည်း အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီး တယောက် အုန်းပင် ပိလို့သေတယ်၊ သေတဲ့သူက ခေါင်ဆွဲတောင် ကျေးရွာကလို့ ကနဦး သိရတယ် ” လို့ လူမှုကူညီရေးအဖွဲ့ဝင် ပရဟိတသမားတွေက ပြောပါတယ်။

အဲ့ဒါကြောင့် ဒီကနေ့ ၁ ရက်ထဲမှာ သဘာဝဘေးဒဏ်ကြောင့် သေဆုံးတဲ့သူ ၆ ဦးဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုးဇလ ဌာနက မုန်တိုင်းသတိပေးချက်နဲ့တူ ရေကြီးရေလျှံတာ ၊ သစ်ပင်တွေလှဲတာ ၊ လေပြင်းတိုက်ခိုက်တာ ၊ မြေပြိုတာတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ပြည်သူတွေ သတိနဲ့ နေထိုင်ကြဖို့ နှိုးဆော်ထားပါသေးတယ်။

Photo – ပြင်ဦးလွင်လူမှုကူညီရေး
#voiceofmyanmar #VOM #မိုခါမုန်တိုင်း #သေဆုံးသူ၆ဦးအထိရှိ

Related posts

Leave a Comment

VOM News

FREE
VIEW