ဥရောပရဲ့နောက်ဆုံးအာဏာရှင် ဘီလာရုစ်သမ္မတ ကျန်းမာရေးအခြေအနေမကောင်းကြောင်း သတင်းတွေထွက်ပေါ်နေ

မင့်စ်၊ မေ-၁၅-၂၀၂၃
မျိုးဆက်(VOM)

ဘီလာရုစ် အာဏာရှင်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုဟာ အဓိကနိုင်ငံတော်အခမ်းအနားတွေကို တက်ရောက်နိုင်ခြင်းမရှိဘဲ လွဲချော်ခဲ့ပြီးနောက် ကျန်းမာရေးအခြေအနေမကောင်းဘူးလို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

အသက် ၆၈ နှစ်အရွယ် အာဏာရှင်ခေါင်းဆောင်တဦးဖြစ်သူ လူကာရှန်ကိုဟာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ နိုင်ငံတော်အလံ၊ အထိမ်းအမှတ်နဲ့ နိုင်ငံတော်သီးချင်းနေ့စတဲ့ အခမ်းအနားတွေမှာ များသောအားဖြင့် လူကိုယ်တိုင်တက်ရောက်လေ့ရှိပေမယ့် မေ ၁၄ ရက်မှာတော့ သူ့ကိုယ်စား ၀န်ကြီးချုပ်ကသာ သ၀ဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။

မစ္စတာလူကာရှန်ဟာ ရုရှားမှာ လွန်ခဲ့တဲ့ သီတင်းပတ်က ကျင်းပတဲ့ ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့အခမ်းအနားပြီးနောက် ရုရှားသမ္မတ ပူတင်နဲ့ နေ့လယ်စာ မစားဘဲ ဘီလာရုစ်ကို ပြန်ခဲ့ရပါတယ်။

သူဟာ သိသိသာသာပင်ပန်းနွမ်းနယ်နေပုံရပြီး ညဘက်လက်ကို ပတ်တီးစည်းထားတာကို တွေ့ရှိရတယ်လို့ သတင်းဌာနတွေက ဖော်ပြထားပါတယ်။ မစ္စတာ လူကာရှန်ကိုဟာ မေ ၁၃ ရက်ညပိုင်းက မင့်စ်မြို့အပြင်ဘက်ရှိ သမ္မတဆေးဘက်ဆိုင်ရာ ဌာနတခုသို့ သွားရောက်ခဲ့ရကြောင်း အတိုက်အခံတွေက ပြောပါတယ်။

သမ္မတရုံးကတော့ အခုလိုသတင်းများထွက်ပေါ်နေတဲ့ အပေါ် မှတ်ချက်ပြုပြောဆိုခြင်းမရှိပါဘူး။ ဥရောပရဲ့ နောက်ဆုံးအာဏာရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ မစ္စတာလူကာရှန်ကိုဟာ ဘီလာရုစ်နိုင်ငံကို ၁၉၉၄ ခုနှစ်ကတည်းကအုပ်ချုပ်ခဲ့ပြီးအတိုက်အခံတွေကို ဖိနှိပ်မှုတွေပြုလုပ်ခဲ့ပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #မင့်စ်

Related posts

Leave a Comment

VOM News

FREE
VIEW