နမ္မတူမှာ လင်မယား(၂)ဦးရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ပြီး အမျိုးသား အလောင်းပြန်တွေ့ပြီး ဇနီးဖြစ်သူကိုရှာ မတွေ့သေး

မေ၊၁၆-၂၀၂၃
MM(VOM)

ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ် ပိတ်ကလေးချောင်းမှာခရုရှာ ဖွေရင်း လင်မယား(၂)ယောက်ရေနစ် သေဆုံးမှုဖြစ်ပွားခဲ့ပြီး အမျိုးသားရဲ့အလောင်းကို ပြန်တွေ့ပေမယ့် ဇနီးဖြစ်သူကို လက်ရှိအချိန်ထိ ရှာမတွေ့သေးဘူးလို့ သိရပါတယ်။

ရေနစ်သေဆုံးသွားတဲ့ လင်မယား(၂)ယောက်ဟာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်က နမ္မတူမြို့နယ်၊ ပိတ်ကလေး ချောင်းကိုသွားပြီး ခရုရှာဖွေနေရင်း ရေနစ်သွားခဲ့ပြီးနောက် အမျိုးသားဖြစ်သူရဲ့ ရုပ်အလောင်းကို မေလ ၁၄ ရက်က ပြန်လည် ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ရက်ဆက်ရှာဖွေနေပေမယ့် အမျိုးသမီးဖြစ်သူရဲ့ အလောင်းကိုတော့ လက်ရှိအချိန်အထိ ပြန်ရှာမတွေ့သေးဘူးလို့ သိရပါတယ်။

“သူတို့လင်မယားက ခရုသွားကောက်ရင်း ရေနစ်သွားတာတဲ့၊ ၁၄ ရက်နေ့က အမျိုးသား အလောင်းကိုတော့ ပြန်တွေ့တယ်၊ အခုထိ အမျိုးသမီး အလောင်းကိုမတွေ့ သေးပါဘူး၊ ပြန်တွေ့တဲ့ အမျိုးသားရဲ့အလောင်းက တော်တော်ပွနေပြီ ၊ မနည်း ခက်ခက်ခဲခဲ ပြန်သယ်ယူခဲ့ရတယ်၊ အခု အဲ့ဒီ လင်မယား ၂ ယောက်ရေနစ်တဲ့ ချောင်းက အပန်းဖြေချောင်းပါ၊ သူတို့ရေနစ်တဲ့အချိန်ကတော့ ရေတွေအရမ်းများနေတဲ့အချိန်ပေါ့။“လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

ပြန်လည်တွေ့ရှိတဲ့ အမျိုးသား ရုပ်အလောင်းကို မနေ့ မေ၁၅ရက် ညနေပိုင်းက အနှိုင်းမဲ့ လူမှုကူညီရေးကားနဲ့ သွားရောက်သယ်ဆောင်ခဲ့ပြီး ညနေ ၆ နာရီခွဲလောက်မှာ မီးသဂြိုလ်လိုက်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီနေ့ မေလ ၁၆ ရက်နေ့အထိလည်းပျောက်ဆုံးနေတဲ့ ရေနစ် အမျိုးသမီးအလောင်းကို ပြန်လည် ရှာဖွေနေကြတယ်လို့ သိရပါတယ်။

အဲ့ဒီ ပိတ်ကလေးချောင်းဟာ နမ္မတူမြို့နဲ့ မိုင်ပေါင်း ၂၀ ခန့်ကွာဝေးပြီး ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်းက လူတွေ အများ အပြားလာရောက်လည်ပတ်ပြီး အပန်းဖြေတဲ့ ချောင်းဖြစ်ပြီး ပိတ်ကလေးချောင်းအတွင်းမှာ အခုလို ရေနစ်သေဆုံးတဲ့ဖြစ်စဉ်ဟာ ပထမဆုံးဖြစ်ပွားတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နမ္မတူ #ရေနစ်သေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW