ယူကရိန်းကို ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်နေ၊ မြို့တော်ကိယက်ဗ်မှာ ဒုံးကျည် ၁၈ စင်းနဲ့ တိုက်ခိုက်ခံရ

ကိယက်ဗ်၊ မေ-၁၆-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ်ကို ရုရှားက မေ ၁၅ ရက်မှာ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်း ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။

ရုရှားဟာ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး လူသုံးဦးသေဆုံးခဲ့ပါတယ်။ ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ မြို့ကိုဖြတ်လာတဲ့ ရုရှားဒုံးကျည်တွေကို ကြားဖြတ်ပစ်ချနေတဲ့ရုပ်သံမှတ်တမ်းတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

ရုရှားဟာ ယူကရိန်းတောင်ပိုင်းမှာ ထိုးစစ်ဆင်ခြင်းမပြုမီ မကြာသေးမီရက်သတ္တပတ်တွေအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။

ရုရှားဟာ ဝေဟင်၊ မြေပြင်နဲ့ ရေပြင်တို့ကနေ ဒုံးကျည် ၁၈ စင်းနဲ့ မြောက်ဘက်၊ တောင်ဘက်နဲ့ အရှေ့ဘက်တို့ကနေ မြို့တော်ကိယက်ဗ်ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒုံးကျည်တွေကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်ကပြောပါတယ်။

မကြာသေးမီကာလတွေအတွင်း ယူကရိန်းသမ္မတ ဇီလန်စကီးယား ဥရောပခရီးစဉ်သွားရောက်ခဲ့ပြီး ယူကရိန်းအတွက် ကူညီထောက်ပံ့မှုတွေအတွက် ကတိက၀တ်တွေရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နေ့ကလည်း ဇီလန်စကီးယား ဗြိတိန်ကိုသွားရောက်ခဲ့ပြီး ၀န်ကြီးချုပ် ရီရှီဆူနက်ခ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW