စစ်ကိုင်းတိုင်းဘက်က တိုက်ပွဲရှောင်နေရာတွေမှာ မုန်တိုင်းလွန်ကာလအတွင်း မြွေကိုက်ခံရသူ ၅၀ ကျော်ရှိ

မေ ၊ ၁၈ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်းအတွင်းရှိ ခရိုင် ၅ ခုက တိုက်ပွဲရှောင်နေရာတွေမှာ မုန်တိုင်းလွန်ကာလအတွင်း မြွေကိုက်ခံရတဲ့သူ ၅၀ ကျော်ရှိတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ပိုးထိ ( မြွေကိုက်)ခံရတဲ့ လူနာတွေက တိုက်ပွဲရှောင်နေရာတွေက ဖြစ်တယ်၊ ယင်းမာပင်ခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ကန့်ဘလူခရိုင်နဲ့ ကောလင်းခရိုင်တွေက ဖြစ်တယ် ၊ ပိုးထိပြီး ဆေးကုသဖို့ အခက်ခဲရှိတာကြောင့် ဆေးမြီးတိုနဲ့ ကုနေရတယ်”လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင် ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီလို မြွေကိုက်ခံရသူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ရွှေဘိုခရိုင် ဒေသခံ ပရဟိတသမားတယောက်က ” အခုလ ၁၂ ရက်ကနေ ၁၇ ရက်အထိ ပိုးထိလူနာတွေကတော့ ဆားလင်းကြီးနယ်မှာ ၂ ဦး ၊ ယင်းမာပင်မြို့နယ်နဲ့ ကနီနယ်အစပ်မှာ ၁ ဦး ၊ ကနီနယ်မှာ ၁ ဦး ၊ ဝက်လက်မြို့နယ်မှာ ၂ ဦး ၊ ရွှေဘိုမြို့နယ် အရှေ့ခြမ်းမှာ ၁ ဦး ၊ ဒီပဲယင်းနဲ့ အရာတော်မြို့နယ် အစပ်မှာ ၃ ဦး ၊ ခင်ဦးမြို့နယ် အရှေ့ခြမ်းမှာ ၆ ဦး ၊ ကန့်ဘလူမြို့နယ်မှာ ၁၁ ဦး ၊ ကျွန်းလှမြို့နယ်မှာ ၃ ဦး၊ ရေဦးမြို့နယ် အနောက်ဘက်ခြမ်းမှာ ၅ ဦး ၊ တန့်ဆည်မြိ​နယ် မဟာမြိုင်တောစပ်မှာ ၄ ဦး ၊ကျွန်းလှမြို့နယ်နဲ့ ကောလင်းမြို့နယ်စပ်မှာ ၃ ဦး ၊ ကနီနဲ့ မင်းကင်း အစပ်မှာ ၂ ဦး ၊ ကျန်နေရာတွေကို ချိတ်ဆက်မေးနေတုန်း ၊ အားလုံး ပိုးထိခံရသူ ၅၀ ကျော်ရှိတယ်လို့ ကနဦးသိရတယ် ၊ အဲ့ဒီအထဲက အသက် ၁၈ နှစ်နဲ့ ၆၅ နှစ်ဲကြား အမျိုးသမီး ၈ ဦးသေဆုံးတယ်လို့ သိရတယ် ၊ ကျန်လူနာတွေကတော့ စိုရိမ်နေရတုန်း”လို့ ပြောပါတယ်။

ကန့်ဘလူနယ်က မြွေကိုက်လူနာရှင် တယောက်က ” ရေခပ်သွားရင်း ပိုးထိတာပါ ၊ ခြေတောက်ကို ကိုက်တာဖြစ်တယ် ၊ တိုက်ပွဲရှောင် ခိုလှုံနေရတာမို့ မြွေဆိပ်ဖြေဆေး မထိုးရသေဘူး ၊ လူနာ အခြေအနေကတော့ခန္ဓာကိုယ် တခုလုံး ယောင်ရမ်းနေတယ် ၊ နားတွေထဲကနဲ့ နှာခေါင်းက သွေးလျှံတယ် ၊ နောက်ပြီး သွေးဝမ်းလိုဟာမျိုးတွေ သွားတယ် ၊ မျက်စိတွေ မှုန်ဝါးနေတယ်လို့ ပြောတယ် ၊ ဆေးမှီးတိုနဲ့ပဲကုနေရတာ ” လို့ ပြောပါတယ်။

အဲ့ဒါကြောင့် စစ်ကိုင်းတိုင်းဘက်က တိုက်ပွဲရှောင် နေရာတွေမှာ မြွေဆိပ်ဖြေဆေးတွေ အရေးတကြီးလိုအပ်နေတယ်လို့ သိရပါတယ်။

ဒါ့အ​​ပြင် ဒီပဲယင်း ၊ ရေဦး ၊ တန့်ဆည် ၊ ရွှေဘို ၊ ဝက်လက် ၊ ခင်ဦး ၊ ကန့်ဘလူ အစရှိတဲ့နယ်တွေဟာ စပါးတောဖြစ်ပြီး မြွေကိုက်လူနာပေါများတာကြောင့် အရင်က မြွေကိုက် ဘေးအန္တရာယ် အသက်အာမခံချက် ထားရှိဖို့ သက်ဆိုင်ရာက ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ရတာ ရှိပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW