ဗြိတိန်၀န်ကြီးချုပ်ဟောင်း လစ်ဇ်ထရပ်စ် ထိုင်၀မ်ရောက်ရှိနေ၊ ထိုင်၀မ်အရေး ဥရောပနိုင်ငံတွေ ပိုမိုပါ၀င်ဖို့ တိုက်တွန်း

တိုင်ပေ၊ မေ-၁၈-၂၀၂၃
မျိုးဆက်(VOM)

ဗြိတိန်၀န်ကြီးချုပ်ဟောင်း လစ်ဇ်ထရပ်စ်ဟာ ထိုင်၀မ်ကို မေ ၁၇ ရက်က ရောက်ရှိနေပြီး ထိုင်၀မ်အရေးနဲ့ ပတ်သက်ပြီး ဥရောပနိုင်ငံတွေရဲ့ ပါ၀င်ပတ်သက်မှုမြှုင့်တင်ဖို့ အရေးကြီးကြောင်း အလေးပေးပြောဆိုလိုက်ပါတယ်။

လစ်ဇ်ထရပ်စ်ဟာ လွန်ခဲ့တဲ့၂၇ နှစ်တာကာလက ၀န်ကြီးချုပ်မာဂရက်သက်ချပြီးနောက် ထိုင်၀မ်ကို ပထမဆုံးလာရောက်တဲ့ ဗြိတိန်၀န်ကြီးချုပ်ဟောင်းဖြစ်ပြီး သူဟာ တရုတ်နိုင်ငံအပေါ် သဘောထားတင်းမာသူအဖြစ် လူသိများပါတယ်။

ထိုင်၀မ်ဟာ ကမ္ဘာ့လွတ်လပ်ရေးတိုက်ပွဲမှာ ရှေ့တန်းကရှိနေပြီး ထိုင်၀မ်ရဲ့အနာဂတ်ဟာ ထိုင်၀မ်ပြည်သူတွေအတွက်သာမက ကမ္ဘာ့အနာဂတ်အတွက်ပါ အရေးကြီးကြောင်း သူကပြောပါတယ်။

ထိုင်၀မ်အနေနဲ့ ပစိဖိတ်ဖြတ်ကျော်မိတ်ဖက်ကုန်သွယ်မှုသဘောတူညီချက်မှာ ပါ၀င်ဖို့ ၊ ကာကွယ်ရေးစွမ်းရည် တိုးတက်စေဖို့အတွက် ထိုင်၀မ်နဲ့အတူ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းစေရေး လုပ်ဆောင်ဖို့လိုအပ်ကြောင်း လစ်ဇ်ထရပ်စ်က ပြောပါတယ်။

ဗြိတိန်၀န်ကြီးချုပ်ဟောင်း လစ်ဇ်ထရပ်စ်ဟာ ထိုင်၀မ်မှာ မေ ၁၉ ရက်ထိ ရှိမည်ဖြစ်ပြီး ထိုင်၀မ်သမ္မတ ဆိုင်အင်း၀မ်နဲ့လည်း တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

Ref: NHK
#voiceofmyanmar #VOM #တိုင်ပေ

Related posts

Leave a Comment

VOM News

FREE
VIEW