ထိုင်းနိုင်ငံMove Forward Partyခေါင်းဆောင်Pita Limjaroenrat က မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အရေးကိုဝင်ရောက်ရန် ကြိုးပမ်းမယ်

မေ ၂၃ -၂၀၂၃

Voice Of Myanmar (VOM)

Burma Act ကို အကောင်အထည် ဖော်လာမှုဟာ ြမန်မာ ထိုင်း နယ်စပ်အရေးသည် နှစ်နိုင်ငံစလုံး အတွက် နယ်စပ်ရေးရာ အခက်အခဲများနှင့် ဒုက္ခသည်အရေး ပိုမို တိုးမြှင့်လာဖွယ်ရာရှိပြီး ဘူးလေးရာ ဖရုံဆင့် စေလာနိုင်ပါတယ်။

စကာတင် ဝန် ကြီးချုပ်နေရာကို ဘယ်ပါတီက ရယူနိုင်မှာပါလဲ ။အနိုင်ရပါတီနှင့် အာဏာရပါတီ ထပ်တူ ကျ မကျ ဆိုတာ တော်တော် စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။

ထိုင်းနိုင်ငံရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ Move Forward Party ခေါင်းဆောင် Pita Limjaroenrat ပီတ လင်မ် ဂျရိုရတ် က မြန်မာနိုင်ငံအရေးကို အပြည်ပြည်ဆိုင်ရာနဲ့ ဝိုင်းဝန်းဆောင်ရွက်သွားမှာဖြစ်သလို အမေရိကန်နဲ့လက်တွဲပြီး အမေရိကန်ကထုတ်ပြန်တဲ့ Burma Act ကို အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။

ဒီစကားနှင့်စပ်လျဉ်း ပြီး ဝေဖန်ထောက်ပြမှုတွေ ရှိသလို ဆန်းစစ်ဝေဖန်မှုတွေ ရှိ လာပါတယ် ။အမေရိကန်၏ ဒေသတွင်း wantsတွေ တရုတ်ကို containment လုပ်လိုတာကို ချက်ခြင်းထုတ်ဖော် ပြောဆိုလိုက်တာပါ ။

လေ့လာ ဆန်းစစ် ချက်။

ပထမ အချက်အ နေ ဖြင့် ဆန်းစစ်ရမှာက Popular Vote အများဆုံး ရရှိခဲ့သော Move Forward Party က အစိုးရကို ဦးဆောင်ဖွဲ့စည်းနိုင်မှာပါလား ။

ထိုင်းနိုင် ငံ၏ ပါလီမန် ဖွဲ့စည်းပုံနှင့်ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲစနစ်က ဘာတွေ ပြဌာန်းထားပြီးစိန်ခေါ်မှုက ဘယ်အချက်တွေ ရှိနေပါသလဲ။

ပထမ စိန်ခေါ်ချက်က ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံရန် လွှတ်တော်တွင်း စုစုပေါင်း အမတ် ၇၅၀ မှာ အမတ်နေရာ( ၃၇၆) ရ ရန်လိုအပ်ပါတယ်။အမတ်နေရာ အများဆုံး ရရှိခဲ့တဲ့ MFP နှင့် PTP (၂) ပါတီ ပူးပေါင်းမယ်ဆိုရင်‌ အမတ်နေရာ ၂၉၂ နေရာသာ ရှိပါတယ်။ အစိုးရဖွဲ့ဖို့ လွှတ်တော်‌နေရာ ၊၃၇၆ ထိုင်ခုံ ပြည့်မှီရမှာ ဖြစ်ပါ တယ်။အကယ်၍ PTP က MFP နှင့် မပူးပေါင်းရင် အကြီးဆုံး အတိုက်အခံ ဖြစ်လာပါမယ်။

နောက်ထပ် စိန်ခေါ်မှုတစ်ခုက ထိုင်းဝန်ကြီးချုပ်နေရာအတွက် ရေပန်းစားနေတဲ့ ထိုင်းအတိုက်အခံပါတီခေါင်းဆောင်ကိုသာမက ပါတီတစ်ခုလုံး၏ တရားဝင် ဆက်လက်ရပ်တည်ရေးကိုပါ စိန်ခေါ်နေတဲ့အချက် ဖြစ်တယ်။ထိုင်းနိုင်ငံ လွှတ်တော်ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်ဟာ မီဒီယာလုပ်ငန်းတွေနဲ့ မပတ်သက်ရ၊ အစုရှယ်ယာပါဝင်ခြင်းမပြုရလို့ ကန့်သတ်ထားပြီး (MFP)ခေါင်းဆောင် Pita Limjaroenrat ပီတလင်မ် ဂျရိုရတ် ဟာရွေးကောက်ပွဲဥပဒေနဲ့ မညီညွတ်တဲ့ iTV မီဒီယာကုမ္ပဏီမှာ အစုရှယ်ယာပါဝင်မှုနဲ့ ပြန်လည်စိစစ်ဖို့ တိုင်ကြားခံနေရပါတယ်။ အကယ်၍ အဆိုပါဥပဒေကို ချိုးဖောက်ကြောင်း စစ်ဆေးပေါ်ပေါက် အရေးယူခံရပါက သူရဲ့ ပါတီလက်အောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ အနိုင်ရအမတ်တွေလည်း ပယ်ဖျက်ခံရနိုင်ပါတယ်။ ဒီ ဖြစ်ရပ်မျိုးကို ရှေ့တွင် ထိုင်းရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်း မ ပြည့်မှီမှုနှင့် အရေးယူခဲ့တဲ့ စီရင်ထုံးရှိခဲ့ပါတယ်။

ယခင် ဝန်ကြီချုပ်ဟောင်း သက်ဆင်၏ သမီးဖြစ်သူ ဒုတိယ အမတ်နေရာ အများဆုံးအနိုင်ရခဲ့တဲ့ ရှပ်နီ ( ဖွေ့ထိုင်း )ပါတီခေါင်းဆောင် ဖဲထောင်းထန်း ခေါ် အုန်အင်ဟာလည်း သူ့ အစုရှယ်ယာသန်းပေါင်း ၁၂၀၆ ထောင်ပါဝင်ထားတဲ့ SC Asset အိမ်ခြံမြေဖွံ့ဖြိုးရေးကုမ္ပဏီဟာ မီဒီယာလုပ်ငန်းနဲ့ ပတ်သက်မှုရှိကြောင်း ပြန်လည်စိစစ်ဖို့ ဆီဆုဝမ်း ကျန်းယားဆိုသူက ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားစာပို့ထားတာ ခံနေရပါတယ်လို့ သတင်းများအရ သိရပါတယ်။

ဒီတော့ နောက်ဆုံး မှာ စကာတင် ဝန်ကြီးချုပ်‌နေရာကို ဘယ်ပါတီက ရယူနိုင်မှာပါလဲ ။အနိုင်ရပါတီနှင့် အာဏာရပါတီ ထပ်တူ ကျ၊မကျ ဆိုတာ တော်တော် စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။

Pita Limjaroenrat ပီတ လင်မ် ဂျရိုရတ် က မြန်မာနိုင်ငံအရေးကို အပြည်ပြည်ဆိုင်ရာနဲ့ ဝိုင်းဝန်းဆောင်ရွက်သွားမှာဖြစ်သလို အမေရိကန်နဲ့လက်တွဲပြီး အမေရိကန်ကထုတ်ပြန်တဲ့ Burma Act ကို အကောင်အထည်ဖော်သွားမယ်လို့ ဆိုသော စကားကို ထုတ်ပြောလိုက်တာရယ်| အပေါ်က ပြောခဲ့သော iTV မီဒီယာကုမ္ပဏီမှာ အစုရှယ်ယာပါဝင်မှုရှိနေတာရယ် ထိုင်းတော်ဝင် အမျိုးအနွယ်များ ဆိုင်ရာ ၎င်း ပါတီ၏ မူလ သဘောထား |demilitarize, demonopolize and decentralize ဆိုသည့် အချက်(၃)ချက်လုံးဟာ အဆိုပါ ပါတီအပေါ် အမေရိကန်တို့၏ သြဇာလွှမ်းမိုးမှုနှင့် ၎င်းပါတီ၏ မိမိတိုင်းပြည် အမျိုးသား အကျိုးစီးပွား ရည်မှန်းချက် များ နှင့် နိုင်ငံတွင်းရှိ စည်းလုံးညီညွှတ်ရေးတို့ပေါ် နက်ရှိုင်းစွာ မေးခွန်းထုတ်ခံရမယ့် အ နေ အထား ပါ။

အဆိုပါ အချက်များကို ဆန်းစစ်ပါက အမေရိကန် အမျိုးသားကာကွယ်ရေးဥပဒေ National Defence Authorization Act (NDAA)၏ Burma Act ရည်ရွယ်ချက်တွင် အမေရိကန်၏ မဟာဗျူဟာ ပြိုင်ဖက် ရုရှား နှင့် တရုတ်နိုင်ငံတို့ကို ထိန်းချုပ်ရန် အဓိက ဦးတည်ပါတယ်။ဆိုတော့ ဒါကို ထိုင်းနိုင်ငံရေးပါတီတစ်ခုက အကောင်အထည်ဖော်မည် ဆိုသော စကားသည် အဆိုပါ ပါတီသည် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာအမေရိကန် မူဝါဒ ၊ အာရှဒေသတွင်း အမေရိကန်တို့၏ တရုတ်ထိန်းချုပ်ရေး မူဝါဒ ၊ တရုတ်ထိန်းချုပ်ရေးအတွက် မည်သို့ သက်ဆိုင်နေပါသလဲ ဆိုသော မေးခွန်းတစ်ခု ထပ်ထွက်လာပါတယ်။

တိုက်ဆိုင်တာက မြန်မာ ထိုင်းနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၏ ညီလာခံ ပြီးသည့်နောက် ထုတ်ပြန်ချက် နှင့် မရှေး မနောင်း ထိုင်းရွေးကောက်ပွဲတွင် အမတ်အများဆုံး အနိုင်ရထားသော နိုင်ငံရေးပါတီ၏ ပထမဆုံးသော စကားတို့သည် ချိတ်ဆက်မိနေတာကို တွေ့ရပါတယ်။

အကယ်၍ MFP ခေါင်းဆောင် ဝန်ကြီးချုပ် ဖြစ်လာပါက မြန်မာရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တစ်ဖက်အုပ်စု၏ လက်နက်ကိုင်အဖွဲ့များသို့ အမေရိကန်၏ Burma Act အရ ငွေ‌ေကြး အပါအဝင် တိကျသောခေါင်းစဉ်မဟုတ်သည့် technical support and assistance /non lethal weapon တွေကို ထောက်ပံ့မှုပြုရန် Burma Act ကို အကောင်အထည် ဖော်လာမည် ဆိုပါက မြန်မာ ထိုင်း နယ်စပ်အရေးသည် နှစ်နိုင်ငံစလုံးအတွက် နယ်စပ်ရေးရာ အခက်အခဲများနှင့် ဒုက္ခသည်အရေး ပိုမို တိုးမြှင့်လာဖွယ်ရာရှိပြီး ဘူးလေးရာ ဖရုံဆင့် စေလာနိုင်ပါတယ်။

အဆိုပါ အချက်ကို ထိုင်း ရွေးကောက်ပွဲတွင် အနိုင်ရထားသော ထိုင်းနိုင်ငံဦးဆောင် ပါတီများအနေဖြင့် ထည့်သွင်း စဉ်းစား သုံးသပ်မှုတွေ ပြုကာ ပေါင်း စပ် လုပ်ဆောင်မည်ဟု ယူဆပါတယ်။ ဒါသည် ရှေ့ဆက်ရမည့် ထိုင်း ဒီမိုကရေစီ ခရီးအတွက်လည်း အရေးကြီးချိန်ခါ အချိုးအကွေ့ဟု ယူဆပါတယ်။

#VOM #voiceofmyanmar #နိုင်ငံတကာသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW