မုန်တိုင်းဒဏ်သင့် မြန်မာနိုင်ငံအတွက် ဒေါ်လာသန်း ၃၀၀ ကျော်ကူညီဖို့ ကုလသမဂ္ဂလုပ်ဆောင်နေ

ကုလသမဂ္ဂ၊ မေ-၂၄-၂၀၂၃
မျိုးဆက်(VOM)

ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ထိခိုက်ပျက်စီးမှုတွေဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံအတွက် ဒေါ်လာ ၃၃၃ သန်းထောက်ပံ့နိုင်ရေး ကူညီဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

မုန်တိုင်းဒဏ်သင့် ပြည်သူ ၁ ဒသမ ၆ သန်းအတွက် အစားအစာနဲ့ ဆေးဝါးတွေဖြန့်ဝေပေးရေး အရေးပေါ်အကူအညီလိုအပ်မှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက မေ ၂၃ ရက်မှာ ထုတ်ပြန်တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ မေ ၁၄ ရက်က မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းကို၀င်ရောက်တိုက်ခတ်ခဲ့မှုကြောင့် ရခိုင်ပြည်နယ်အပါအ၀င် နေရာအများအပြားမှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ဟာ ရခိုင်ပြည်နယ်မှာ စားနပ်ရိက္ခာဖြန့်ဝေရေးတွေကို စတင်လုပ်ဆောင်နေပြီး အရေးပေါ်အကူအညီတွေ ထပ်မံလိုအပ်နေပါသေးတယ်။

နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂကတောင်းခံထားတဲ့ ရန်ပုံငွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ထည့်၀င်မလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref: NHK
Photo: TRT
#VOM #voiceofmyanmar #ကုလသမဂ္ဂ

Related posts

Leave a Comment

VOM News

FREE
VIEW