ဟစ်ဟော့ပ် တေးရေး၊ တေးဆို ဗျူဟာ ဖမ်းဆီးခံရ

မေ ၂၄ – ၂၀၂၃
SN (VOM)

လျှပ်စစ်မီး ပြတ်တောက်နေတာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ခဲ့တဲ့ ဟစ်ဟော့ပ် တေးရေး၊ တေးဆို ဗျူဟာကို နေအိမ်မှာပဲ လာရောက် ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

NLD နဲ့ လက်ရှိအစိုးရလက်ထက် နှိုင်းယှဉ်ကာ လျှပ်စစ်ဝန်ကြီးဌာနကို မနေ့ မေ ၂၃ ရက်က လူမှုကွန်ရက်ပေါ်မှာ ရုပ်သံဖိုင်တင်ပြီး ဝေဖန်ခဲ့တာကြောင့် မေ ၂၄ ရက် ဒီနေ့မှာ မြောက်ဒဂုံ၊ (၄၈) ရပ်ကွက်၊ ဗထူးအိမ်ရာရှိ သူ့ရဲ့နေအိမ်မှာပဲ လာရောက် ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

“သူတင်လိုက်တဲ့ ဗွီဒီယိုကြောင့် အဖမ်းခံရတာလို့ သိရတယ်။ သူ့ရဲ့နေအိမ်မှာပဲ အင်အားအလုံးအရင်းနဲ့ လာဖမ်းသွားတာပါ။ ဆိုရှယ်မီဒီယာကတဆင့် လျှပ်စစ်ဝန်ကြီးနဲ့ ဝန်ထမ်းတွေကို ဆဲဆိုမှုကြောင့် အဖမ်းခံရတာလို့ ထင်တာပဲ”လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အဆိုတော်ဗျူဟာကို လက်ရှိမှာ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို တိတိကျကျ မသိရသေးသလို မိသားစုအနေနဲ့ ရဲစခန်းတွေမှာ စုံစမ်းနေပေမယ့် အခုအချိန်အထိ အဆက်အသွယ် မရသေးဘူးလို့ သိရပါတယ်။

#VOM #voiceofmyanmar #ဟစ်ဟော့အဆိုတော်ဗျူဟာ #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW