ကမ္ဘောဒီးယားပြည်တွင်းရေး ၀င်မစွက်ဖို့ ၀န်ကြီးချုပ်ဟွန်ဆန်က ရွေးကောက်ပွဲတိုင်ခင် သတိပေး

ဖနွမ်းပင်၊ မေ-၂၅-၂၀၂၃
မျိုးဆက်(VOM)

ကမ္ဘောဒီးယားပြည်တွင်းရေးကို အနောက်နိုင်ငံတွေ၀င်ရောက်စွက်ဖက်ခြင်းမပြုဖို့ ဇူလိုင်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်မီ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်က သတိပေးပြောဆိုလိုက်ပါတယ်။

ကမ္ဘောဒီးယား အဓိကအတိုက်အခံပါတီကို ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရပြီးနောက် နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုများကြီးထွားလာချိန်မှာ အခုလိုသတိပေးချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ လွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံဖြစ်တာကြောင့် လက်ရှိအချိန်ကစပြီး ရွေးကောက်ပွဲကျင်းပပြီးချိန်ထိ နှုတ်ဆိတ်နေကြဖို့ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်က သတိပေးပြောဆိုပါတယ်။

ကမ္ဘောဒီးယားရွေးကောက်ပွဲကော်မရှင်ဟာ အတိုက်အခံအလင်းတိုင်ပါတီရဲ့ ရွေးကောက်ပွဲ၀င်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်ထားမှုကို လိုအပ်သောစာရွက်စာတမ်းတွေတင်ပြနိုင်ခြင်းမရှိဆိုကာ ပယ်ချခဲ့ပါတယ်။

အခုလိုလုပ်ဆောင်တာဟာ စိုးရိမ်စရာအရိပ်လက္ခဏာတရပ်ဖြစ်ပြီး ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းနဲ့ ဒါဟာကမ္ဘောဒီးယားပြည်သူတွေရဲ့ ဒီမိုကရေစီစနစ်မှာပါ၀င်မှုကို အဟန့်အတားဖြစ်စေကြောင်း အီးယူနဲ့ အမေရိကန်တို့က ဝေဖန်ပြောဆိုထားပါတယ်။

Ref: NHK
#VOM #voiceofmyanmar #ဖနွမ်းပင်

Related posts

Leave a Comment

VOM News

FREE
VIEW