ငါးဇွန်မြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ယောက် ပစ်သတ်ခံရ

မေ ၂၅ – ၂၀၂၃
GG (VOM)

မန္တလေးတိုင်း၊ ငါန်းဇွန်းမြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ယောက် သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အသတ်ခံရသူတွေက ငါန်းဇွန်းမြို့နယ်ထဲက သံကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသန့်ဇော်လင်း နဲ့ဇလုပ္မကျေးရွာက အုပ်ချုပ်ရေး ရွာခွဲတာဝန်ခံ ဦးတင်လင်း၊ သူနတ်စစ်ကျေးရွာအုပ်စု၊ နဘဲပျင်ရွာက အုပ်ချုပ်ရေးရွာခွဲတာဝန်ခံ ဦးလွင်စန်း ဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။

” အကုန်လုံးက နေရာမှာပွဲချင်းပြီး သေသွားကြတာပါ။ ဦးလွင်စန်းက သူ့ပြောင်းခင်းထဲ ရေတင်နေချိန် သေနတ်လာပစ်သွားတာ။ ကျန်တဲ့အုပ်ချုပ်ရေးမှူးနဲ့တစ်ယောက်ကတော့ သူတို့​ဇလုပ္မကျေးရွာနားက ကွမ်းယာဆိုင်မှာရှိနေတဲ့အချိန် ဆိုင်ကယ်သုံးစီးနဲ့ရောက်လာပြီး သေနတ်နဲ့လာပစ်သွားတာ “လို့ ငါးဇွန်မြို့နယ် အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

ဦးသန့်ဇော်လင်းနဲ့ ဦးတင်လင်းတို့က မနေ့ မေလ ၂၄ ရက်နေ့ မနက် ၇နာရီလောက်မှာ သတ်ခံခဲ့ရတာဖြစ်ပြီး နောက်ထပ် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကတော့ မေလ ၂၃ ရက် ည ၈ နာရီလောက်မှာ သူရဲ့နေအိမ်မှာပဲ ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

အရင်ကလည်း ငါးဇွန်မြို့နယ် အပါအဝင် မန္တလေးတိုင်းထဲက မြို့နယ်တွေမှာ အုပ်ချုပ်ရေးအဖွဲ့ တွေအသတ်ခံရတာတွေ၊ထိခိုက်ဒဏ်ရာရရှိတာတွေရှိခဲ့တဲ့အပြင် အသတ်ခံရပြီး လမ်းပေါ်စွန့်ပစ်ခံရတဲ့ အလောင်းတွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းထဲမှာ ပစ်ခတ်မှုတွေလည်း ရှိခဲ့ပြီး အဲ့ဒီဖြစ်စဥ်တွေမှာလည်း လူသေဆုံးတာ၊ထိခိုက်ဒဏ်ရာရရှိတာတွေရှိခဲ့ပါတယ်။

#VOM #voiceofmyanmar #ငါန်းဇွန်း #အုပ်ချုပ်ရေးအဖွဲ့ဝင် #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW