ကနေဒါမှာ ယခုနှစ်အတွင်း အဆိုးရွားဆုံးတောမီးရာသီနဲ့ ရင်ဆိုင်ရဖွယ်ရှိနေ

တိုရွန်တို၊ ဇွန်-၆-၂၀၂၃
မျိုးဆက်(VOM)

ကနေဒါနိုင်ငံမှာ ယခုနှစ်အတွင်း အဆိုးရွားဆုံး တောမီးရာသီနဲ့ရင်ဆိုင်ရဖွယ်ရှိကြောင်း မိုးလေ၀သကျွမ်းကျင်သူတွေက ဇွန် ၅ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။

နိုင်ငံတွင်းမှာ ယခုနှစ်အတွင်း တောမီးလောင်ကျွမ်းမှုပေါင်း ၂၂၁၄ ခှုဖြစ်ပွားခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

တောမီးလောင်ကျွမ်းမှုအန္တရာယ်ဟာ ဇွန်လမှာ တိုးလာနိုင်ကြောင်း ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

ယခုနှစ်အတွင်း ဆိုးရွားတဲ့ တောမီးအန္တရာယ် ပိုမိုဆိုးရွားလာနိုင်တဲ့ အရိပ်လက္ခဏာတွေရှိကြောင်း ကနေဒါသဘာ၀ပတ်၀န်းကျင်၀န်ကြီး ဂျိုနသန်ဝီလ်ကင်ဆန်က ဇွန် ၅ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တောမီးလောင်ကျွမ်းမှုကြောင့် နိုင်ငံတ၀န်းရှိ မြေဟတ်တာ ၃ ဒသမ ၃ သန်းကျော်လောင်ကျွမ်းခဲ့ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်က တောမီးလောင်ကျွမ်းမှုပမာဏထက် ၁၂ ပမာဏခန့် ပိုမိုများပြားနေပါတယ်။

အခုလို တောမီးလောင်ကျွမ်းမှုတွေဆက်လက်ဖြစ်ပွားနေပါက ကနေဒါနိုင်ငံမှာ တောမီးလောင်ကျွမ်းမှု စံချိန်တင်ပမာဏနဲ့ ရင်ဆိုင်ရနိုင်ကြောင်း ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

Ref: BBC
Ref: Reuters
#VOM #voiceofmyanmar #တိုရွန်တို

Related posts

Leave a Comment

VOM News

FREE
VIEW